The Challenge of Love
Part (65)" နေပါဦး ရန်ကြီးအောင်ရာ ငါ့ညီမကိုသွားကြိုရမှာငါပါဟ "
"ငါသွားကြိုလည်းအိမ်ရောက်မှာပဲကိုဘာဖြစ်လဲ"
"မင်းသွားကြိုရင်အိမ်ချက်ချင်းမရောက်ဘူးလေ "
ခိုင်မြဲက ဂြိုလ်ကြည့်ကြည့်ပြီးပြောလာတော့ ရန်ကြီးက ခေါင်းကုပ်သည်။
ဟုတ်လည်းဟုတ်တာပဲ ရန်ကြီး တွယ်တာ့ကိုသွားကြိုပြီးရင်အိမ်တန်းပို့ပေးဖို့စိတ်ကူးမရှိ။ ၂ယောက်တည်းခဏလောက်အချိန်ဖြုန်းချင်သေးသည်။
"မင်းကလည်းကွာ ဒီတိုင်းငါ့အိမ်ကပဲစောင့်ပါ ငါနဲ့တွယ်တာအဆင်ပြေတာလည်းမကြာသေးဘူး "
"သွားကွာ သွားသွား... မျက်ခွက်ကြီးက အီးမှန်ထားသလိုပဲကြည့်ရတာစိတ်မချမ်းသာတာ "
ခိုင်မြဲလည်း ရန်ကြီးအိမ်ကဆိုဖာပေါ်မှာလက်ပိုက်ပြီးဝင်ထိုင်လိုက်ကာ နားအေးအောင်မြန်မြန်လွှတ်လိုက်တော့သည်။
ရန်ကြီးကလည်း၂ခါပြောစရာမလိုချက်ချင်း ထွက်သွားတော့၏။
ဒီနေ့ တွယ်တာတို့ပြန်ရောက်တာမို့ မာမားကခိုင်မြဲအားသွားကြိုခိုင်းလိုက်သည်။
ခိုင်မြဲကလည်းမနက်စာစားဖို့တစ်ခါတည်းအစောကြီးထွက်လာပြီးရန်ကြီးတို့ကွန်ဒိုနားကလက်ဖက်ရည်ဆိုင်မှာ ၃ယောက်အတူစားကြသည်။
ထူးမြတ်လင်းကတော့သူ့စက်ရုံကလှမ်းခေါ်လို့ပြန်သွားရပြီး ခိုင်မြဲကသူ့ညီမသွားကြိုရမည်ပြောတာရန်ကြီးကလည်း သူသွားကြိုမည်လုပ်နေတာနဲ့ရန်ကြီးအိမ်ထိပြန်ရောက်လာကြတာဖြစ်သည်။
နောက်ဆုံးတော့ ရန်ကြီးပဲသွားကြိုဖြစ်တာဖြစ်လေသည်။
ကျောင်းက ကားနဲ့ပဲမို့ကျောင်းကိုပဲသွားကြိုလိုက်ပါသည်။ ရန်ကြီးရောက်တော့ကားတောင်မစိုက်သေး။
ကားထဲမှာဖုန်းထဲကပုံတွေပြန်ကြည့်ရင်းစောင့်နေလိုက်သည်။
တွယ်တာကျောင်းထဲဝင်သွားတဲ့မြန်မာဝမ်းဆက်နဲ့ပုံလေးကိုနောက်ကျောဘက်မှရိုက်ထားတဲ့ပုံလေးကိုမြင်တော့ရန်ကြီးနှုတ်ခမ်းတွေပြုံးလာမိ၏။
YOU ARE READING
The Challenge of Love (OC)
Romanceကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင်ခဲ့ပေမဲ့ ကိုယ်မင်းကိုမချစ်ရဲဘူး ညီမလေး။ ရန်ကြီးအောင် လူကြမ်းကြီး လူဆိုးကြီး ပြောတော့ ကျောင်းမှာဖို...