The Challenge of Love
Part (61)တစ်လလောက် တွယ်တာအပြင်လည်းသိပ်မထွက်ဘဲ ကိုရန်ကြီးနဲ့အဆက်အသွယ်ပြတ်နေတာကိုမာမားတို့သိကြပြီးဖြစ်သည်။
ပါပါးတို့မေးတဲ့အခါလည်းတွယ်တာတို့ Break Up ထားတယ်ဟုပဲ ဖြေထားတာမို့တွယ်တာကိုကားပြန်ပေးထားပြီးဖြစ်သည်။
ဒါပေမဲ့တွယ်တာကိုယ်တိုင်ကအပြင်သိပ်မထွက်တာဖြစ်၏။
ဒီနေ့တော့ မထွက်ချင်လည်းထွက်ရတော့မည်ဖြစ်သည်။ ပန်းနုရဲ့Birthdayအား ဆိုင်တစ်ဆိုင်ကPravite Room ထဲမှာကျင်းပမည်ဖြစ်၍ လာဖြစ်အောင်လာရမည်ဟုခေါ်ထားတာဖြစ်သည်။
ပန်းနုဆိုတာလည်းပေါက်စကွေးဘဝကတည်းကပေါင်းလာတာဆိုတော့ ကိုယ့်Personal Feelingအဆင်မပြင်နဲ့ Birthday တစ်ခုလုံးကိုမသွားလို့တော့မဖြစ်တာမို့သွားBirthday Present ကိုလည်း ၁ပတ်လောက် Online ကနေ ကြိုမှာထားတာဖြစ်သည်။
ညနေ ၆ နာရီဟုဖိတ်ထားတာဖြစ်ပြီး တွယ်တာ့အပြင်အိမ်ကကိုကြီးကိုလည်းMessengerကနေသွားဖိတ်ထားသည်ဟုမနက်ကပြောသည်။
ပန်းနုမဖိတ်လည်းသူ့အစ်မက ကိုကြီးကိုခေါ်မှာပဲဖြစ်တာမို့ ကိုကြီးနဲ့အတူတူသွားဖို့ရေမချိုးခင်ကပြောထားပြီးဖြစ်၏။
ကိုကြီးကိုတောင်ဖိတ်မှတော့ကိုရန်ကြီးနဲ့ကိုငထူးကိုလည်းသေချာပေါက်ဖိတ်ထားမယ်ဆိုတာတွယ်တာသိသည်။
ဒါပေမဲ့ လာမလား၊မလာဘူးဆိုတာတော့တွယ်တာမမေးကြည့်မိပေ။ အကယ်၍ကိုကိုသာဒီပွဲကိုလာခဲ့မယ်ဆိုရင်တွယ်တာတို့Break Up ထားတဲ့ တစ်လပြီးနောက်မှာပထမဆုံးလူချင်းပြန်တွေ့တာပဲဖြစ်လိမ့်မည်။
အခြားတစ်ယောက်သာဆို တွယ်တာ မလာပဲ ငြင်းလိုက်မှာဖြစ်ပေမဲ့အခုတော့ ပန်းနုဟာတွယ်တာမလာရင်စိတ်ဆိုးမှာဖြစ်သည်။
တွယ်တာရေချိုးပြီး ဆံပင်ရှည်ကြီးကိုအရင်ဖြေချ၍သေချာလေးဖြီးနေသည်။
ထို့နောက်ဆံပင်တွေကိုကျောဘက်သို့ပို့လိုက်ပြီးအသင့်ထုတ်ထားသောမွေ့ယာပေါ်မှာဖြန့်ထားတဲ့ရင်ဘက်မှာဖဲပြားအကြီးကြီးပါသောလက်ဖောင်းဂါဝန်ပန်းရောင်အတိုကလေးကိုဝတ်လိုက်သည်။
BINABASA MO ANG
The Challenge of Love (OC)
Romanceကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင်ခဲ့ပေမဲ့ ကိုယ်မင်းကိုမချစ်ရဲဘူး ညီမလေး။ ရန်ကြီးအောင် လူကြမ်းကြီး လူဆိုးကြီး ပြောတော့ ကျောင်းမှာဖို...