စောနက အပိုင်းကမှားတင်တာပါ။
The Challenge of Love
Part (51)"ငထူးမလာဘူးလား"
ရန်ကြီးက ပွဲကျင်းပသည့်ကွင်းပြင်အဝင်မှာ ခိုင်မြဲနဲ့တွေ့တာနဲ့မေးလိုက်သည်။
"မလာတော့ဘူးတဲ့ စီးပွားရေးသမားဆိုတော့အလုပ်ကခပ်ရှုပ်ရှုပ်ပဲ"
"ဆိုတော့လည်း ငါတို့ ယောက်ဖချင်းပဲ တွယ်တာ့ကိုသွားအားပေးတာပေါ့"
"ငါ့ကိုကဆုယွန်းကဖိတ်တာကွ သူ့ပါတနာအနေနဲ့ "
ခိုင်မြဲက ဝတ်လာသောစတိုင်ပန်အိတ်ထောင်ထဲသို့လက်လျှိုလိုက်ရင်း ရန်ကြီးကိုဂုဏ်ယူစွာနဲ့ပြောလာပါသည်။
ရန်ကြီးက ချစ်သူလေးကိုယ်တိုင်ဖိတ်တဲ့ပွဲမို့ ရှပ်အင်္ကျီအဖြူနှင့်စတိုင်ပန်အနက်ကိုစမတ်ကျကျဝတ်လာခဲ့သည်။
အမြဲတမ်း Sport Outfit နဲ့ T shirt လောက်သာပေါ့ပေါ့ပါးပါးဝတ်တတ်သူက အခုလို ဝတ်လာတော့လည်းတောင့်တင်းသောသူ့ရင်အုပ်ကျယ်ကြီးနှင့်တုတ်ခိုင်သောပေါင်တံများ၊ ရှည်သောအရပ်တို့ကဘာဝတ်ဝတ်ကြည့်ကောင်းနေ၍ နိုင်ငံခြားသားတစ်ယောက်သဖွယ်တောင်ထင်ရသည်။
"အဲ့တာဆိုလည်း ဘယ်မလဲမင်းရဲ့မော်နီတာက ငါကသွားထိုင်တော့မှာ"
ရန်ကြီးက သူ့နေရာသို့သွားထိုင်တော့မည့်အကြောင်းပြောတော့ ခိုင်မြဲကကားတွေထိုးထားသောပါကင်ဘက်သို့တစ်ချက်လှမ်းကြည့်လိုက်သည်။
"သူ့ညီမနဲ့လာမှာထင်တယ် "
"မင်းကစောင့်ဦးမှာလား"
"စောင့်.....ဟိုမှာ "
သူတို့ဘက်သို့တက်ညီလက်ညီလှမ်းလာနေကြသော ဆုယွန်း၊ပန်းနုနှင့်လဝန်းတို့ကိုညွှန်ပြရင်းခိုင်မြဲကပြောသည်။
"စောင့်နေကြတာလား Sorry နော် လဝန်းကိုခေါ်ဖို့နောက်မှသတိရလို့ ပြန်ကွေ့နေတာနဲ့နောက်ကျသွားတာ"
"ရပါတယ် နောက်မကျပါဘူး ဒီကောင်ကသာရပြီးသားဖွတ်အမြှီးလှန်ကြည့်ချင်နေတာ နေရာကလက်မှတ်နဲ့ဝယ်ပြီးသားကိုစိတ်မချဖြစ်ပြီးသွားထိုင်ချင်နေတာလေ"
YOU ARE READING
The Challenge of Love (OC)
Romanceကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင်ခဲ့ပေမဲ့ ကိုယ်မင်းကိုမချစ်ရဲဘူး ညီမလေး။ ရန်ကြီးအောင် လူကြမ်းကြီး လူဆိုးကြီး ပြောတော့ ကျောင်းမှာဖို...