Part (62) Uni/Zawgyi

18.5K 698 40
                                    

The Challenge of Love
Part (62)

မနေ့ညက ဆရာနဲ့ ကာရာအိုကေမှာတွေ့ပြီးနောက် စကားသေချာမပြောလိုက်ရလို့ဆိုပြီးညဘက်ဖုန်းဆက်လာသည်။

ဒီနေ့နေ့လည် Bar တစ်ခုမှာတွေ့ဖို့ချိန်း၏။ ကျောင်းပိတ်ရက်လည်းဖြစ်တာနဲ့တွယ်တာလက်ခံလိုက်သည်။

"မာမား သမီး အပြင်သွားလိုက်ဦးမယ် "

မာမားနဲ့ကိုကြီးနဲ့ကဧည့်ခန်းမှာထိုင်ပြီးဘာတွေဆွေးနွေးနေတယ်မသိ။ တွယ်တာက စကပ်တိုလေးကိုပေါင်အလယ်ကနေဆွဲချရင်း အိတ်သေးသေးလေးကိုပုခုံးမှာလွယ်ထားလျှက်ပြောလာတော့ မာမားရောကိုကြီးရောကတွယ်တာ့ကိုမျက်မှောင်ကုပ်ကြည့်နေကြသည်။

"ဘယ်သွားမလို့လဲ ဘယ်သူနဲ့လဲ"

မာမားက ကိုရန်ကြီးနဲ့ Break Up တဲ့အပေါ်သိပ်ယုံချင်ပုံမပေါ်။ အချိန်မရွေးပြန်တွဲကြမယ်ဆိုတာမာမားကသိပြီးသားဖြစ်သည်။ ဒါပေမဲ့အစကတည်းကမာမားတို့ကခေတ်ပညာတတ်မိဘတွေပီပီအရမ်းချုပ်ချယ်ကြသူတွေမဟုတ်တာမို့ စောင့်ကြည့်နေကြတယ်ဆိုတာပဲတွယ်တာ့ကိုသိစေချင်ကြသည်။

"သမီးတို့အကဆရာနဲ့ပါ မနေ့ကသမီးတို့၂ယောက်လုံးကိုယ့်လူတွေနဲ့ကိုယ်ဆိုတော့နှုတ်ဆက်ရုံပဲဆက်လိုက်ရတာ ဆရာကသမီးကိုသင်တန်းမလာတော့လို့တဲ့ အဲ့တာဒီနေ့ခဏသွားတွေ့မလို့"

ကိုကြီးက အကဆရာဆိုတာကြားတော့မျက်နှာကြီးကပုတ်သိုးသွားသည်။

"တွယ်တာ..နင်နော်...ရှုပ်ရှုပ်ယှက်ယှက်တွေမလုပ်နဲ့ ဝတ်သွားတဲ့အဝတ်အစားကိုလည်းကြည့်ဦး"

ခရော့တော့အမဲရောင်ချိုင်းပြတ်နဲ့ဝမ်းဆက် ဆွဲသားစကပ်တိုကလေးက ပေါင်မှာကပ်နေပြီး Hottie Cutie ဆိုတာ တကယ့်တွယ်တာပဲဖြစ်သည်။

အဖျားကောက်တဲ့ဆံပင်တွေကိုကျောဘက်မှာတစ်ဝက်ရင်ဘက်ပေါ်မှာတစ်ဝက်စီချထားပြီး မိတ်ကပ်ကိုလည်းလှလှလေးလိမ်းထားသေးသည်။

"ဘာတွေလာပြောနေတာလဲ သူများလှနေတာကိုမနာလိုနေတာမလား"

"ဘယ်မှာသွားတွေ့မှာလဲ "

"ဘယ်မှာတွေ့တွေ့ပေါ့ဘာလို့လျှာရှည်နေတာလဲ"

"အေးနော်...နင်မပြောခဲ့ရင်ငါလိုက်ပို့မှာ နင့်ကိုကားမပေးလိုက်ဘူး မာမားသဘောတူလား"

The Challenge of Love (OC)Donde viven las historias. Descúbrelo ahora