The Challenge of Love
Part (41)မနေ့ညက ပြန်ရောက်တော့ ကိုကြီးက မာမားကို တွယ်တာနေမကောင်းဘူးဟုပြောတာနဲ့ ပါပါးရောမာမားကပါစိတ်ပူပြီး မောင်နှမ၂ယောက်လုံးအဆူခံရလိုက်သည်။
ထင်ထားတဲ့အတိုင်းပဲ ညီမ နေမကောင်းတာကို ၉နာရီ ကျော်မှအိမ်ပြန်လာရကောင်းလားဟု ပါပါးကပါမာမားနဲ့အတူကိုကြီးအားဝင်ဆူသည်။
ဒီလိုကျလည်းတွယ်တာ့မှာလိမ်ပြောရတာကိုစိတ်မကောင်းဖြစ်မိ၏။ ကိုကြီးကတော့သူ မဆုယွန်းကိုလိုက်ပို့နေလို့ကြာသွားတာဟု သူ့ကိုယ်သူပဲအပြစ်တင်ပုံရသည်။
ဘယ်တုန်းကမှ ကိုကြီးကိုမာမားတို့ဆူရင် ဝင်မတားဘဲ အမြဲတမ်းဘေးကနေအရသာခံပြီးထိုင်ကြည့်တတ်ပေမဲ့ဒီတစ်ခေါက်တော့တွယ်တာကဝင်ပြောရသည်။
"ကိုကြီးကိုပဲမဆူကြပါနဲ့ သမီးကလည်းမပြန်ချင်သေးဘူးလို့ပြောလို့ပါ ကိုငထူးတို့ကလည်းဝိုင်းဆွဲထားကြလို့ ပြီးကျအဲ့လောက်လည်းသမီးမဖျားပါဘူးအစာမကြေလို့အန်ရုံတင်ပါ အခုတောင်ကောင်းသွားပြီ မာမားနဲ့ပါပါးလည်းအိပ်ရေးပျက်နေလိမ့်မယ်အိပ်ကြတော့ သမီးတို့လည်းအိပ်ချင်နေပြီ "
တွယ်တာကခိုင်မြဲလိုမဟုတ်ဘဲ စကားလည်းတတ်ပြီးသွက်တာမို့တစ်ယောက်တည်းသူမဖြစ်ချင်တာကိုဦးတည်ပြောသွားပြီး အပေါ်သို့တက်သွားဖို့လုပ်တော့ခိုင်မြဲကမာမားတို့ရှေ့မှာတစ်ယောက်တည်းကျန်ရစ်သည်။
"ကိုကြီးက ဘာလုပ်နေတာလဲ လာလေ! "
တွယ်တာက သူ့အစ်ကိုကိုအဆူခံလွတ်အောင်လှမ်းခေါ်တော့မှခိုင်မြဲကနေရာကနေထပြီး
"ပါပါး မာမား သားအိပ်တော့မယ်နော် မနက်မှဆက်ဆူတော့"
ဟု ပြောကာ ညီမဖြစ်သူနောက်သို့လိုက်သွားသည်။
"နင်တို့မောင်နှမ၂ယောက်လုံးမနက်ကျအလျော့ပေးမယ်မထင်နဲ့"
မာမားကတော့ မောင်နှမ၂ယောက်လုံးကကြုံးဝါးရင်းအောက်ထပ်မှာကျန်ရစ်၏။
တွယ်တာတို့အပေါ်ထပ်ရောက်တော့ ခိုင်မြဲကအခန်းထဲမဝင်ခင်တွယ်တာ့ကိုဂုတ်ကနေလှမ်းဆွဲသည်။
YOU ARE READING
The Challenge of Love (OC)
Romanceကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင်ခဲ့ပေမဲ့ ကိုယ်မင်းကိုမချစ်ရဲဘူး ညီမလေး။ ရန်ကြီးအောင် လူကြမ်းကြီး လူဆိုးကြီး ပြောတော့ ကျောင်းမှာဖို...