The Challenge of Love
Part (72)"သည်းလေး... သည်းလေး...ထ တစ်ခုခုစားဦး..မနေ့ညကလည်းဘာမှမစားဘဲအိပ်ထားတာ "
မိုးလင်းတော့၇နာရီပဲရှိသေးတယ် ကိုကိုက တွယ်တာ့ကိုတိုးတိုးကပ်နှိုးတော့သည်။
တွယ်တာ့မှာစောင်နဲ့လုံးထွေးနေရင်းကနေမျက်လုံးလေးဖွင့်ကြည့်တော့ ချောမောခန့်ညားတဲ့တွယ်တာ့ရည်းစားလေးက မွေ့ယာဘေးမှာဒူးထောက်ထိုင်ပြီးတွယ်တာ့ကိုပြုံးကြည့်နေတာဖြစ်သည်။
တွယ်တာကိုကို့မျက်နှာချောချောကိုမြင်တော့အိပ်ချင်မူးတူးနဲ့ပြုံးသည်။
"ကိုကို အနားတိုးခဲ့ "
ရန်ကြီးက တစ်ခုခုပြောမယ်အထင်နဲ့တွယ်တာ့အနားသို့တိုးကပ်လိုက်တော့ တွယ်တာဟာ ရန်ကြီးပါးကိုပြွတ်ခနဲနမ်းလိုက်သည်။
"ကိုကိုကချောလိုက်တာ... မနက်စောစောအိပ်ယာနိုးနိုးချင်း ရည်းစားလေးမျက်နှာအရင်မြင်ရတာအရမ်းကောင်းတာပဲ စိတ်လည်းကြည်တယ် လူလည်းလန်းတယ် ကျက်သရေလည်းရှိတယ် ကောင်းလိုက်တဲ့မနက်ခင်းလေး"
တွယ်တာ ခေါင်းအုံးပေါ်မှာတံတောင်နဲ့လက်ထောက်ပြီး ကိုကို့မျက်နှာကိုငေးကြည့်ရင်းပြောသည်။
ကိုကိုကတော့တွယ်တာပြောလေရှက်ပြီးရယ်လေပဲဖြစ်၏။
"နောက်မှကောင်းတော့ တစ်ခုခုစားရအောင်လာ...မင်းဗိုက်ထဲမှာမနေ့ကတည်းကဘာမှမရှိသေးဘူး"
"နေပါဦး ကြည့်လို့တောင်မဝသေးဘူး"
"နောက်မှကြည့်တော့ သည်းလေး ဒီမျက်နှာကြီးကို မင်းတစ်သက်လုံးကြည့်ပြီးနေသွားရမှာ မနက်စာက ၈နာရီမထိုးခင်စားရတယ်"
ရန်ကြီးက တွယ်တာ့ကိုယ်လေးကိုအတင်းဆွဲထူတော့ တွယ်တာက စောင်ကြီးကိုရင်ဘက်ထိအုပ်ပြီးထလာ၏။
တွယ်တာထထိုင်ပြီဆိုမှ ရန်ကြီးဟာ မနေ့ညကသူချွတ်ပစ်ထားတဲ့သူ၏ T shirt ကိုတွယ်တာ့ခေါင်းကနေစွပ်ပြီးဝတ်ပေးလိုက်သည်။
"သွား မျက်နှာသစ်တော့ ကိုကိုစောင့်နေမယ် "
တွယ်တာလည်း စောင်ပုံထဲကနေထပြီး တင်ပါးထိဖုံးတဲ့ကိုကို့တီရှပ်ကြီးနဲ့ရေချိုးခန်းထဲပြေးဝင်သွားသည်။
YOU ARE READING
The Challenge of Love (OC)
Romanceကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင်ခဲ့ပေမဲ့ ကိုယ်မင်းကိုမချစ်ရဲဘူး ညီမလေး။ ရန်ကြီးအောင် လူကြမ်းကြီး လူဆိုးကြီး ပြောတော့ ကျောင်းမှာဖို...