Part (40) Uni/Zawgyi

19K 555 22
                                    

The Challenge of Love
Part (40)

"နင်က ဘာပြောမလို့လဲ "

ဆုယွန်းက ခိုင်မြဲနဲ့အတူ ထူးမြတ်လင်းအိမ်ဘက်သို့ခပ်သွက်သွက်လျှောက်လာရင်းမေးလိုက်သည်။

"မင်းနဲ့အတူပြန်ကြဖို့လေ"

"သြော်...ငါ့ကိုပြန်လိုက်ပို့မလို့တွယ်တာ့ကိုရောလိုက်ရှာနေတာလား မရှာပါနဲ့ခိုင်မြဲရဲ့ခဏစောင့်လိုက်ပါ့မယ်"

"မဟုတ်လည်း ခေါ်ရမှာပဲကို "

ခိုင်မြဲနဲ့ဆုယွန်းတို့ အိမ်ရှေ့အရောက် နောက်ကနေခပ်ကျယ်ကျယ်အော်ခေါ်လိုက်တဲ့ထူးမြတ်လင်းအသံကြောင့်ခိုင်မြဲရောဆုယွန်းရော အိပ်ထဲဝင်မယ့်ခြေလှမ်းများရပ်တန့်ပြီးလှည့်ကြည့်လာကြသည်။

သူတို့ဆီသို့ပြေးလာကြတဲ့ ပန်းနု၊လဝန်းနှင့်ထူးမြတ်လင်းတို့ကြောင့်၂ ယောက်စလုံးဘာများဖြစ်တာလဲဟုကြောင်ကြည့်နေမိကြသည်။

"ဘာဖြစ်တာလဲဟ အလန့်တကြား!"

ခိုင်မြဲကအနားရောက်လာတဲ့ထူးမြတ်လင်းအားမေးသည်။

"မင်းတို့၂ယောက်ကဘယ်လဲ"

"သူတို့၂ယောက်ကမပြောဘူးလား "

ဘေးက ပန်းနုနဲ့လဝန်းအားမေးငေါ့ပြီးပြောလာတော့ပန်းနုတို့၂ယောက်မတ်ရပ်ရပ်နေရာမှတောင့်တောင့်ကြီးဖြစ်သွားသည်။

အလိမ်ပေါ်သွားရင်တော့ငါတို့၂ယောက်လည်းလွယ်မှာမဟုတ်ဘူးလို့ ၂ယောက်စလုံးတွေးမိနေကြသည်။

"တွယ်တာကအစာမကြေဘူးဆိုလို့ရန်ကြီးနဲ့ဆေးသွားဝယ်တာ"

ထူးမြတ်လင်းကရုတ်တရက်ခေါင်းထဲပေါ်လာတဲ့ဆင်ခြေတစ်ခုကိုမြန်မြန်ပြောလိုက်သည်။

"သူတို့ပြောတော့ Toliet ဆို "

"အေးဟုတ်တယ် Toliet ကထွက်လာပြီး ရန်ကြီးကလိုက်ပို့တာအန်ချင်နေတယ်ဆိုလို့... ငါ့ကိုပြောသွားတာ "

"ညီမတို့ကသတိမထားလိုက်မိဘူးToliet ကထွက်လာလာချင်းသွားကြတာနေမှာတွယ်တာကအိတ်တောင်ထားခဲ့တာဆိုတော့"

ပန်းနုကကြားထဲကနေထပ်ပြီးရွှီးသည်။

"အဲ့တာပြောတာ  ဖုန်းလေးဘာလေးတောင်ယူမသွားဘူး "

The Challenge of Love (OC)Where stories live. Discover now