Part (42) Uni/Zawgyi

27.3K 605 36
                                    

The Challenge of Love
Part (42)

တွယ်တာသည် ကိုကြီးသွားပြီဆိုတာနဲ့ ရန်ကြီးဆီသို့ဖုန်းဆက်၍ ဒီနေ့တစ်နေကုန်သူမနဲ့ပဲရှိနေပေးရမည်ဟုအမိန့်ပေးလိုက်သည်။

စျေးဝယ်လည်းအတူတူထွက်ကြမှာမို့ ကြိုမဝယ်ထားဖို့နဲ့သူမလည်းစောစောလေးလာခဲ့မယ်ဖြစ်ကြောင်းမှာထားလိုက်သေးသည်။

မနက်စာစားပြီးတွယ်တာရေမိုးချိုး၍ အဝတ်စားလဲကာ မာမားအားအကသင်တန်းရယ် နေ့ခင်းပြန်မလာဘဲပန်းနုတို့လဝန်းတို့နဲ့ချိန်းထားလို့Gym ပြီးမှပြန်လာမည်ဖြစ်ကြောင်း ပြောကာ မာမားဆီကခွင့်ပြုချက်ပင်မစောင့်ဘဲကားတစ်စီးနဲ့ ကိုကို့ရဲ့ကွန်ဒိုသို့မောင်းနှင်လာခဲ့တော့သည်။

အခန်း Password ကိုသူမကိုယ်တိုင်နှိပ်ဖွင့်ကာဝင်လာတော့ ကိုကို့ကိုမတွေ့ရ။

"ကိုကို...တွယ်တာရောက်ပြီ ဘယ်မှာ....သြော်....အပြင်များသွားတာလားလို့ပြန်လည်းမထူးဘူးကိုကိုက "

အခန်းထဲကနေ ဘောင်းဘီအတိုနဲ့တီရှပ်ကိုခေါင်းလျှိုဝတ်ရင်းအခန်းထဲကနေထွက်လာကိုမြင်ရသည်။

"ကိုကို အဝတ်စားလဲနေလို့ "

"အခုမှရေချိုးပြီးတာလား "

တွယ်တာက ရန်ကြီးအနားပြေးကပ်ပြီးရင်ဘက်ကြီးကိုကုန်းနမ်းကာဆပ်ပြာနံ့သင်းသင်းလေးကိုရှူရှိုက်ရင်းမေးသည်။

"ဟုတ်တယ် ညကလည်းချိုးတယ် မနက်လည်းပူလို့မနေနိုင်တာနဲ့ထချိုးပစ်လိုက်တာ"

ရန်ကြီးသည် တွယ်တာ့ခေါင်းလေးကိုဖွဖွလေးငုံ့နမ်းရင်းပြန်ဖြေလိုက်သည်။

မနေ့ကမှခေါင်းလျှော်ထားတာမို့ဆံပင်လေးတွေကပျော့အိပြီးShampoo နံ့မွှေးမွှေးကလေးကလည်းနှစ်သက်ဖို့ကောင်းလှသည်။

"ဘယ်လိုဖြစ်လို့ ကိုကို့ကိုတစ်နေကုန်ခွင့်ယူခိုင်းရတာလဲ"

ကိုကိုက သူ့ Training တစ်ရက်နားခိုင်းတဲ့အကြောင်းအရင်းကိုသိချင်တာမို့မေးလိုက်သည်။

ကိုကိုဟာ တွယ်တာဘာကြောင့် Training နားခိုင်းလဲဆိုတာတောင်မသိဘူးတွယ်တာကနားလိုက်ဆိုတာနဲ့သူ့နည်းပြကိုဖုန်းဆက်ပြီးခွင့်တိုင်ထားတာဖြစ်သည်။

The Challenge of Love (OC)Where stories live. Discover now