The Challenge of Love
Part (46)"ကိုကြီး ဘာလုပ်နေတာလဲ အဝတ်စားလဲတော့လေ "
တွယ်တာကဂျင်းဘောင်းဘီအဖြူနဲ့ ဂျိုင်းပြတ်ခရော့တော့အညိုရောင်လေးကိုချပ်ချပ်ကပ်ကပ်ဝတ်ထားပြီး ဆံပင်ရှည်ကိုနောက်မှစုစည်းထားသည်။
သူမကိုကြည့်ရတာတကယ်အဆင်သင့်ဖြစ်နေပြီထင်ပါရဲ့။ ခိုင်မြဲကတော့အခန်းထဲမှာပက်လက်ကြီးလှန်ပြီး Utubeကနေ Game Stream တာတွေကြည့်နေလေ၏။
"နေပါဦး ထမင်းစားတာဗိုက်တင်းလို့"
"ထမင်းစားထားတာကြာလှပြီ သမီးတောင်အဝတ်စားလဲပြီးပြီ ကိုကြီးကခုထိ လှဲနေတုန်း"
ခိုင်မြဲက အတင်းလောနေတဲ့သူ့ညီမကို မော့ကြည့်လာသည်။
"ဘယ်လို့လောနေတာလဲ နေပါဦး ၄၅မိနစ်တောင်လိုသေးတယ်"
"စောစောသွားတော့ဘာဖြစ်လဲ ကိုယ့်သူငယ်ချင်းကိုယ်အားပေးဦးမှပေါ့ "
ဒီနေ့ ရန်ကြီး၏လက်ဝှေ့ပွဲရှိသည်။
ည၇နာရီမှာစမှာဖြစ်၍ တွယ်တာ၊ခိုင်မြဲနဲ့အတူသွားကြည့်ဖို့ပြောထားသည်။
အခုလည်း၆နာရီ၁၅အထိ ဘာမှမပြင်မဆင်ဘဲအိပ်နေတဲ့အစ်ကိုဖြစ်သူကိုတွယ်တာကလာသတိပေးနေရသည်။
ဒီနေ့ပွဲကို ခိုင်မြဲလည်းလာကြည့်မယ့်အတူတူ တွယ်တာကအရင်ရောက်နေလျှင် ဖြေရှင်းနေရဦးမည်မို့ အတူတူသွားဖို့ပဲအလွယ်တကူဆုံးဖြတ်ထားသည်။
ဒါပေမဲ့ တွယ်တာကတော့ချစ်သူလေးကိုပွဲမစခင်အနီးကပ်အားပေးချင်သေးတာ အခုတော့အစ်ကိုလုပ်သူကအတော်နဲ့မထလို့ပွဲကိုနောက်ကျမှရောက်မည်စိုး၍ စိတ်ညစ်နေရပြီ။
"နင့်သူငယ်ချင်းလားငါ့သူငယ်ချင်းလား ကဲကိုကဲတယ်"
"မြန်မြန်လုပ်စမ်းပါ ကိုကြီးကလည်း သမီးကပြင်ဆင်ပြီးမှအကြာကြီးစောင့်နေရလိမ့်မယ်"
"နင့်ဟာနင် ပြင်ဆင်တာလေ ငါနဲ့ဘာဆိုင်လို့လဲ"
"ကိုကြီးနော် ...စိတ်တိုလာပြီ သမီးတစ်ယောက်တည်းသွားလိုက်မှာ!"
"သွားလေ...ဘယ်သူကတားလို့လဲ "
"ဘာလို့ အဲ့လောက်လိုက်ပြီးကပ်တီးကပ်တပ်လုပ်နေတာလဲ "
YOU ARE READING
The Challenge of Love (OC)
Romanceကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင်ခဲ့ပေမဲ့ ကိုယ်မင်းကိုမချစ်ရဲဘူး ညီမလေး။ ရန်ကြီးအောင် လူကြမ်းကြီး လူဆိုးကြီး ပြောတော့ ကျောင်းမှာဖို...