The Challenge of Love
Part (23)အကြတ်နေ့ညကိုတော့ ကိုကြီးတို့က ဟိုတယ်ရဲ့ရေကူးကန်မှာ မန္တလေးကသူတို့သူငယ်ချင်းကိုကျော်ကြီးတို့အဖွဲ့နဲ့ကုန်ဆုံးကြသည်။
ကိုကျော်ကြီးတို့ကနေ့လည်ကကားပေါ်မှာပါတဲ့သူတို့ရည်းစားတွေကိုတော့ဟိုတယ်အထိခေါ်မလာကြ။ အားလုံးကိုအိမ်ပြန်လိုက်ပို့ပြီးတော့မှ ရေကူးကန်မှာ Boys Only Party ပေးနေကြသည်။
တွယ်တာတို့၃ယောက်ကသူမတို့အခန်းရှိတဲ့အလွှာကနေဝရန်တာမှထွက်ပြီး ရေကူးကန်ဆီလှမ်းငေးနေကြသည်။
အစကတော့ တွယ်တာတို့လည်းရေသွားကူးဖို့တိုင်ပင်ကြပေမဲ့သူတို့ကယောက်ျားလေးတွေချည်းသောက်ကြစားကြနဲ့တဟားဟားရယ်နေကြတော့ တွယ်တာတို့လည်းသွားဖို့မဝံ့ရဲတော့ဘဲအပေါ်ကနေပဲငေးနေရတော့သည်။
"ဘာတွေပြောနေကြတာလဲမသိဘူးနော် "
ရေကူးကန်ထဲမှာရှိနေသူကရှိ အပေါ်ကခုံမှာထိုင်နေသူကထိုင်၊ ရေကူးကန်ဘောင်ပေါ်မှာထိုင်ပြီးရေထဲခြေဆင်းထားသူကထားနဲ့ ဝီစကီခွက်ကိုယ်စီ၊ စီးကရက်ကိုယ်စီဖြင့်အထာကျကျရှိနေသောဘဲကြီးတွေနဲ့သူတို့ အင်္ကျီမပါသောBody ကိုငေးရတာလည်းတစ်မျိုးတော့ကောင်းတာပါပဲ။
ပန်းနုကဝရန်တာပေါ်မေးထောက်ပြီးအောက်ကအစ်ကိုကြီးများတဟားဟားရယ်နေတာကိုနားထောင်ကာမေးသည်။
"မသိဘူးလေ သိချင်ရင်နင်သွားမေးကြည့်လိုက်"
လဝန်းက တွယ်တာ့ခါးကိုဖက်ထားပြီးပုခုံးပေါ်မှာမေးတင်ကာပန်းနုကိုပြန်ဖြေသည်။
"ဟဲ့ မေးလို့ရရင်သွားမေးလိုက်မှာပေါ့ ဟိုမယ် အောက်ဆင်းချင်လို့ပြာယာခက်နေတဲ့တွယ်တာတောင်မဆင်းရဲလို့ငြိမ်နေတာ"
"ကိုရန်ကြီး ရေကူးတာကကြည့်ကောင်းလိုက်တာ ကောင်မတို့ရယ်"
ဘယ်လောက်လန်းတဲ့လူတွေအများကြီးရှိနေနေ တွယ်တာငေးကြည့်ရတဲ့တစ်ဦးတည်းသောသူဟာရန်ကြီးအောင်သာဖြစ်သည်။
ကိုရန်ကြီးက ရေကူးကန်အစွန်းနှစ်ဖက်ကိုတစ်မိနစ်တောင်မကြာဘဲကူးနိုင်သည်။ ရေတစ်ခေါက်ကူးပြီးတော့ ရေကူးကန်ဘောင်ပေါ်မှာဒီတိုင်းတင်ထားတဲ့ဖန်ခွက်ထဲက ဝီစကီလက်ကျန်ကိုအကုန်မော့သောက်လိုက်ပြီး ခိုင်မြဲတို့ကျော်ကြီးတို့စကားဝိုင်းကိုဝင်Joinသည်။
YOU ARE READING
The Challenge of Love (OC)
Romanceကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင်ခဲ့ပေမဲ့ ကိုယ်မင်းကိုမချစ်ရဲဘူး ညီမလေး။ ရန်ကြီးအောင် လူကြမ်းကြီး လူဆိုးကြီး ပြောတော့ ကျောင်းမှာဖို...