Story 4(Uni)

2.1K 98 0
                                    

လီရှောင်လု၏ တစ်ကိုယ်လုံးတွင် ကြောက်ရွံ့မှု တိုးလာသည်။ ရုတ်တရက် သူမ တစ်ခုခုကို တွေးပြီး မော့ကြည့်လိုက်တော့ "ရိဖန်....ရိဖန်ကငါ့ကို လိုအပ်တယ်.... သူ့လုပ်ငန်းမှာ ငါကူညီနိုင်တယ်... ရိုလန် ငါ့ကို အသက်ရှင်ခွင့်ပေးပါ..... ငါ ဘယ်သူ့ကိုမှ မပြောဘူးလို့ ကတိပေးပါတယ်။  ငါအသက်ရှင်ချင်တယ်ရိုလန်...."

ရိုလန်ကသူ(မ)၏မေးစေ့ကို ကိုင်ကာရယ်မောရင်း "ရိဖန်? ငါစဉ်းစားလိုက်ဦးမယ်...."

"ဟင်း.... ဟင်းး... ချစ်ရတဲ့အစ်မရေ... အစကတော့ သူ့အတွက် ငါနင့်ကို အသက်ဆက်ရှင်ဖို့ တွေးထားပေမယ့် နောက်တော့ တစ်ခုခုတော့ သိလိုက်ရတယ်လေ.... နင်သိချင်လား?"

လီရှောင်လုက ရုတ်တရက် တစ်စုံတစ်ယောက်က ခေါင်းကိုရိုက်လိုက်တာနဲ့ ဘာမှပြန်မပြောသံကြားတော့ ငုံ့ကြည့်လိုက်တယ်။ ရှုမင် ပြောတာကြားသောအခါ "ဟေး... နင်စိတ်မလှုပ်ရှားဘူးလား.... အခုကနင်နဲ့ပတ်သတ်လို့လေ..."

လီရှောင်လုကသူ့ညီမလေးအားကြည့်ကာပြုံးပြရင်း
"အစ်မရေ၊မိဘတွေကနင့်ကိုဘာလို့ လီမိသားစုကပါဆိုတာကို လူကြားထဲပွဲမထုတ်ပေးပဲ ဖုံးကွယ်ထားတာလဲဆိုတာ ငါ့ရဲ့အစ်မကြီးကတစ်ခါမှမတွေးမိဘူးလား?နင်ကမိသားစုအတွက်အများကြီးကြိုးစားခဲ့တာတောင်မှ ဖေဖေတို့ကနင့်ကိုဘာလို့မချစ်တာလဲဆိုတာမစဉ်းစားခဲ့ဘူးလား?"

လီရှောင်လုသည် သူ(မ)၏လက်များကို ဆုပ်ကိုင်လိုက်သည်။ အစတုန်းကတော့ မတွေးခဲ့မိပေမယ့် အခု‌သိချင်နေပြီ။ဘာလို့လဲ? သူမကို ဘာကြောင့်ဒီလိုဆက်ဆံရတာလဲ?

သူ(မ)လီရိုလန်ကို ကြည့်ပြီး အဖြေရလိမ့်မယ်လို့ မျှော်လင့်နေမိတယ်။ လီရိုလန်က ပြုံးကာ
"အရမ်းဉာဏ်ကောင်းတာပဲမဟုတ်လား?နင်‌ခန့်မှန်းသင့်တယ်.... ဒါမှမဟုတ် နင်ကယောက်ျားတွေကို သူတို့မျက်နှာနဲ့ ဘယ်လိုသွေးဆောင်ရမလဲဆိုတာ သိတာလား?"

"ဘယ်လိုပဲဖြစ်ဖြစ်ပါ ငါနင့်ကိုပြောပြလိုက်ပါမယ်။နင်ကဘယ်တုန်းကမှ လီမိသားစု၀င်မဟုတ်ခဲ့ဘူး။ငါ့ရဲ့အစ်မလဲမဟုတ်ဘူး။နင်ကလမ်းဘေးကနေခေါ်လာခဲ့တဲ့မိဘမဲ့ကလေးလေ၊အဲ့တော့နင်က ငါတို့လီမိသားစုရဲ့ အစေခံသက်သက်ပဲ..."

လျှို့ဝှက်အိမ်ထောင်ရေး-ဇနီးသည်၏ခင်ပွန်းဖြစ်သူအားလုယူခြင်း (Book 1) Completed Where stories live. Discover now