story 40(မင်းရဲ့နှလုံးခုန်သံ)

1.1K 64 2
                                    

Unicode

“မင်းရဲ့ နှလုံးခုန်သံ…” ယောက်ျားတစ်ယောက်ရယ်သံကို ကြားလိုက်ရသည်။
လီရှောင်လုလဲမျက်လုံးများကိုဖွင့်ကာ IDကိုကြည့်လိုက်သည်။အမည်မသိနံပါတ်တစ်ခု....

"မစ္စတာHeartbeat... မင်းနံပါတ်မှားနေတယ်ထင်တယ်" လို့ ပြောပြီး တစ်ဖက်လူကအလျင်စလိုပြောတဲ့အခါ ဖုန်းချခါနီးမှာ "ဟေး၊ဖုန်းမချပါနဲ့ရှောင်လုရယ်... ကိုယ့်မှာအရမ်းအရေးကြီးတာတစ်ခုရှိတယ်။ မင်းကိုပြောပြဖို့..."

လီရှောင်လုသည်သူမရဲ့နာမည်ကိုကြားလိုက်ရသဖြင့် အိပ်ခြင်စိတ်ပြေသွားသည်။ဒီလူကငါ့နာမည်ကိုသိနေတယ်။သူမကမျက်လူံကိုခနမှိတ်ထားရင်း
"ရှင်ကဘယ်သူလဲ?"

"မင်းကြားလိုက်လား?"

"ဘာကိုလဲ?"လီရှောင်လုမေးလိုက်သည်။

"ကိုယ့်နှလုံးသားကြေကွဲသံ..."ထိုလူက၀မ်းနည်းသောလေသံဖြင့်ပြောလိုက်သည်။
"ရှောင်လု၊မင်းကိုယ့်ကိုဘယ်လိုတောင် မေ့ပစ်ရက်ရတာလဲ?"

"ရှင်ကျွန်မကိုပြောပြမှာလား?မရှင့်ဘူးလား?ရှင်ကဘယ်သူလဲ?"

"ရှောင်လုရာ၊မနေ့ကကိုယ်တို့တွေ့ခဲ့တယ်လေ။မင်းကိုယ့်ကိုဘယ်လိုမေ့နိုင်မှာလဲ?မင်းရက်စက်လိုက်တာကွာ...ကိုယ်ကတော့မင်းကိုနေ့ရောညပါသတိရနေပေမယ့် မင်းကိုကြည့်လိုက်တော့မှတ်တောင်မမှတ်မိဘူး။မင်းရဲ့အနမ်းကိုမကြာခင်မေ့နိုင်မှာလားရှောင်လု?"

အရှက်မရှိဖောက်ပြန်တဲ့လူ...ဖုန်းကိုတင်းတင်းကြပ်ကြပ်ကိုင်ထားရင်း မျက်လုံးပြူးသွားသည်။
"ဒါဆို စီးအီးအိုကျန်း..." လို့အော်ဟစ်လိုက်တယ်။

လီရှောင်လုရယ်သံကိုကြားလိုက်ရသည်။
"ဒါဆိုမင်းကိုယ့်ကိုမှတ်မိလား?ကိုယ့်ရဲ့အံ့ဩစရာကောင်းတဲ့အနမ်းတွေကို မင်းဘယ်လိုလုပ်မေ့နိုင်မှာလဲရှောင်လု..."လို့မေးလိုက်သည်။

"ဘာပဲဖြစ်ဖြစ်ပါ... ရှင်ကကျွန်မရဲ့အိပ်ချိန်ကိုလာနှောက်ယှက်နေတာပဲစီးအီးအိုကျန်း... "

" ဟာ... ဟေ့... ကိုယ်မင်းကိုပြောစရာရှိတယ်။"

"ဘာဖြစ်တာလဲ?"သူမကသမ်းရင်းမေးလိုက်သည်။အခုသူမသည်အလွန်အိပ်ငိုက်နေပြီး ထိုအရှက်မရှိသောအရူးကသူ့ကိုအိပ်ခွင့်မပေး။

လျှို့ဝှက်အိမ်ထောင်ရေး-ဇနီးသည်၏ခင်ပွန်းဖြစ်သူအားလုယူခြင်း (Book 1) Completed Where stories live. Discover now