story 10(Uni)

1.8K 119 3
                                    

ဇီဟန် :"ဘာလို့လဲ"

ဟုယွီထန်တစ်ယောက်အံ့ဩသွားသည်။ဒီ‌နတ်ဆိုးရဲ့အသံက လုံး၀နူးညံ့နေသည်။

ဟုယွီထန်လည်းတခစ်ခစ်ရယ်ရင်း
"သူ(မ)ကမင်းသမီးဖြစ်ခြင်နေတယ်၊သူ(မ)ကငါတို့ကုမ္ပဏီကို ရွေးချယ်ထားတယ်။ပြီးတော့အခုလေးတင်ပဲ ငါတို့နဲ့စာချုပ်ချုပ်ပြီးလက်မှတ်ထိုးပြီးသွားတာ... "

ဇီဟန်:" ဟမ်... "

" အဲ့ဒါပဲ၊မင်းငါ့ကို 'ဟမ်'ဆိုတဲ့စကားလုံးပဲပြန်ပြောနေမှာလား!ဒါပေမဲ့ရှောင်လုက တစ်ကယ်လှတယ်ဆိုတာငါပြောမလို့ ပြီးတော့ငါတို့ဆုံတဲ့အချိန် သူမနည်းနည်းအံ့ဩနေတယ်ထင်တယ်။ငါထင်တာတော့ သူ(မ)ကငါ့ရဲ့ချောမောခန့်ညားမှုတွေမြင်သွားလို့နေမယ်"ဟုယွီထန်ကအမူအရာအချို့ထည့်ကာပြောလိုက်၏။

ဇီဟန်:"သူ(မ)က အမြင်အားနည်းတဲ့သူမဟုတ်ဘူး"

ယွီထန်:".... "ငါဘာလို့ဒီလိုနတ်ဆိုးမျိုးနဲ့သူငယ်ချင်းဖြစ်ခဲ့တာလဲ?

"ငါ့ရဲ့အလှနဲ့လိုက်ဖက်တာဆိုလို့မင်းပဲရှိတယ်ဇီဟန်... ပြီးတော့ရှောင်လု-"
ယွီထန်သည်ဇီဟန်ကိုနှောက်ယှက်ကာပြောလိုက်သည်။

"ရှောင်လု..? မင်းကသူ(မ)နဲ့အဲ့လောက်တောင်ရင်းနှီးတာလား?"ဇီဟန်ကမေးလိုက်၏။

ဇီဟန်၏အမေးကြောင့်ယွီထန်တစ်ယောက် သူ၏ခန္စာကိုယ်မှာတုန်လှုပ်သွားသော်လည်း သူ့ကိုယ်သူပြန်ထိန်းလိုက်တယ်။ယွီထန်လည်းစပ်ဖြဲဖြဲလုပ်ကာ
"သူ(မ)ကငါ့လက်အောက်ကမင်းသမီးတစ်လက်ဆိုတော့ သူ(မ)နဲ့သေချာပေါက်ရင်းနှီးတာပေါ့"

ဇီဟန်၏ရယ်သံအားယွီထန်ကြားလိုက်ရတယ်။**ငါနတ်ဆိုးစိတ်တိုအောင်များအစလွန်သွားတာလား?**ယွီထန်တစ်ယောက်တွေးနေရင်း သူ့နှလုံးခုန်သံမှာမြန်လာသည်။

"ငါတို့မတွေ့ရတာအတော်ကြာပြီမလားယွီထန်၊အဲ့တော့ ငါမင်းစီလာလည်လို့ရမလား?"ဇီဟန်မေးလိုက်တယ်။

အိုး... ငါသူစိတ်တိုအောင်သေချာပေါက်လုပ်မိသွားပြီပဲ။ထိုအခါဟုယွီထန်လည်းစိတ်လှုပ်ရှားကာရီလိုက်ပြီး
"ဟဲဟဲ... ဇီဟန်လာမလည်လဲရတယ်.,. မလိုဘူး... ငါကမင်းကိုနောက်လိုက်တာပါကွာ... "

လျှို့ဝှက်အိမ်ထောင်ရေး-ဇနီးသည်၏ခင်ပွန်းဖြစ်သူအားလုယူခြင်း (Book 1) Completed Where stories live. Discover now