Story 2(Uni)

2.7K 102 2
                                    


"ကျွန်မက ဒီမိသားစုရဲ့သမီးအကြီးတစ်ယောက်ပဲလေ၊အဲ့ဒါကိုဘာလို့ အကုန်လုံးကသမီးအပေါ်လုပ်ရက်ကြတာလဲ??" လီရှောင်လုက က သူ့မိဘတွေကိုကြည့်ရင်း မေးလိုက်တယ်။

ပြီးတော့ သူမချစ်ရတဲ့သူဘက်ကိုကြည့်လိုက်ပြီးစကားပြောလေ၏။
"ဒီနေ့ကကျွန်မတို့ရဲ့မဂ်လာပွဲလေ ချနိးယုဖန်၊ဒါကိုဘာလို့ရှင်ကပါကျွန်မအပေါ်လုပ်ရတာလဲ?ရှင်ပြောတော့ကျွန်မကိုချစ်တာဆို??"

ချန်းယုဖန်ကတော့သူ(မ)ကိုဘာခံစားချက်မှမပါတဲ့ပုံစံမျိုးတစိမ်းဆန်ဆန်ကြည့်နေလေသည်။ရုတ်တရက်ရီသံကိုကြားလိုက်ရတော့ လီရှောင်လုတစ်ယောက်သူ(မ)ရဲ့ညီမအငယ်လီရိုလန်နဲ့ရှု့မင်ဘက်သို့ကြည့်လိုက်၏။

လီရိုလန်ကတော့ပြုံးနေရင်းချန်းယုဖန်ရှိရာသို့လျှောက်လာပြီးသူ့ရဲ့လက်အားချိတ်လိုက်သည်။
"ကိုကိုယုဖန်က ညီမကိုချစ်တာလား? ဒါမှမဟုတ် မမကိုလား?"

လီရိုဟန်ရဲ့အမေးစကားသံလည်းကြားသော ချန်းယုဖန်ကပြုံးကာသူ(မ)လေးရဲ့နှဖူးအားအနမ်းပေးလိုက်တယ်။
"ဒီနေ့ကိုကိုတို့ရဲ့လက်ထပ်ပွဲနေလေ၊အဲ့ဒါကိုဘာမဟုတ်တာတွေလျှောက်တွေးနေတာလဲ?"

သူတို့ကိုကြည့်ရင်းလီရှောင်လုတစ်ယောက်ဘာမှမတွေးတတ်ဘူးဖြစ်နေပြီး ဘာလုပ်လို့လုပ်ရမှန်းမသိသလိုကြောင်အနေသည်။

သူ(မ)ရဲ့ပုံစံကိုကကည့်နေရင်းလီရိုလန်ကဒီကနေမောင်းထုတ်ရန်အစောင့်အားအချက်ပြလိုက်တယ်။

လီရှောင်လုတစ်ယောက်‌တွေးနေရင်းရုတ်တရက်ဆိုသလိသူ(မ)၏လက်မောင်းမှနာကျင်မှုကိုခံစားရသောကြောင့် လီရှောင်လုအစောင့်တွေအားကြည့်ကာရုန်းကန်ရင်းအော်ဟစ်ကာပြောနေသည်။အစောင့်ကသူ(မ)အားဆေးထိုးလိုက်သောကြောင့် လီရှောင်လုတစ်ယောက်မျက်လုံးတွေဝေဝါးလာကာ ခေါင်းမူးလာပြီး ခနကြာတော့သူ(မ)ရဲ့အမြင်အာရုံတွေမည်းမှောင်လာကာ ရုန်းကန်ရင်းမေ့သွားလေ၏။

သူ(မ)သတိလာတော့ ပတ်၀န်းကျင်တစ်ခုလုံးအား scanဖတ်သလို အကုန်လိုက်ကြည့်လိုက်သည်။သူ(မ)သည် ယခုချိန်တွင် ထိုင်ခုံပေါ်တွင် တစ်ယောက်တည်းထိုင်နေပြီး လက်နှစ်ဖက်လုံးကလည်းကြိုးတုပ်ခံထားရသည်။

လျှို့ဝှက်အိမ်ထောင်ရေး-ဇနီးသည်၏ခင်ပွန်းဖြစ်သူအားလုယူခြင်း (Book 1) Completed Where stories live. Discover now