story 59(ဇာတ်လမ်းအစ)

886 47 0
                                    

Unicode

လီရှောင်လုအနည်းငယ် ငြိမ်သင်သွားသည်ကို မြင်လိုက်ရတော့ လီယူဘင်နှင့်ယုရူရှီတို့နှစ်ယောက်စလုံး သက်ပြင်းချလိုက်ကြသည်။သူ့သမီးကိုလီယူဘင်ကြည့်ပြီး
"ရိုလန်၊မင်းအမကြီးကိုတောင်းပန်လိုက်..."

"ဘာလဲ?"လီရိုလန်တစ်ယောက် တုန်လှုပ်သွားပြီး ချက်ခြင်းငြင်းလိုက်ကာ"ဟင့်အင်း၊မတောင်းပန်နိုင်ဘူးဖေဖေ"

လီယူဘင်က သူ့ရဲ့ဦးနှောက်မရှိတဲ့သမီးကို စူးဝါးစွာစိုက်ကြည့်ပြီး
"ရိုလန်၊ဖေဖေမင်းကိုတောင်းဆိုနေတာမဟုတ်ဘူး။သမီးရှောင်လုကိုတောင်းပန်ရမယ်လို့ပြောနေတာ...အမှားလုပ်ထားရင် တောင်းပန်ရမယ်။"

"ဘာဘဲဖြစ်ဖြစ်ပါအဖေ...ဒါပေမဲ့သမီးသူ့ကို တောင်းပန်တဲ့စကား လုံး၀ပြောမှာမဟုတ်ဘူး။"

"ရိုလန်..."

"အဖေ၊ရပါတယ်"လီရှောင်လု သက်ပြင်းချလိုက်သည်။နာရီကိုကြည့်လိုက်တော့ "အဖေနဲ့အမေ အချိန်ကနောက်က‌ျနေပြီမလို့ သမီးပြန်တော့မယ်"

"ခဏလေးရှောင်လု၊မသွားနဲ့တော့၊အမေတို့အတူတူ ညစာစားကြမယ်လေ။သမီးအခန်းကိုလည်း သန့်ရှင်းရေးလုပ်ခိုင်းလိုက်မယ်"ယုရူရှီကပြုံးကာပြောလိုက်သည်။

လီရှောင်လုကခေါင်းယမ်းရင်း သက်ပြင်းတစ်ချက်ချလိုက်ကာ "အမေတို့နှလုံးသားထဲမှာ သမီးအတွက် နေရာမရှိရင် အိမ်မှာဆိုရင်လည်း သမီးအတွက်နေရာဘယ်လိုလုပ်ရနိုင်မှာလဲ?"

"ဘာပဲဖြစ်ဖြစ်သမီးပြန်လိုက်တော့မယ်။ကောင်းသောညပါ‌အဖေနဲ့အမေ"လီရှောင်လုက ပြောပြီးတာနဲ့ ခြေလှမ်းကျယ်ကျယ်လှမ်းကာ သူမချက်ချင်းထွက်သွားလိုက်သည်။

လီစံအိမ်အပြင်ဘက်တွင် လီရှောင်လုက အသက်ပြင်းပြင်းရှူလိုက်သည်။ဝမ်းသာအားရ ခုန်ပေါက်ရယ်သည်။အဲဒါအရမ်းကောင်းတယ်!

ဒီနေ့ဖြသ်ပျက်ခဲ့တာတွေ အားလုံးကိုနင်ကအစပြုခဲ့တာလီရိုလန်၊နင့်အဖေနင့်ကိုအရမ်းဒေါသထွက်လိမ့်မယ်။အခု‌ဘာလုပ်မှာလဲ?

ဒါပေမဲ့သိပ်စိတ်မပူပါနဲ့...အနာဂတ်မှာနင့်ဘ၀ အခြေအနေမှာလည်း ဒီလိုတွေဆက်ဖြစ်နေဦးမှာပဲ...ဒါကနင့်ဇာတ်လမ်းရဲ့အစပဲလီရိုလန်...
နောက်ထပ်လာစရာတွေ အများကြီးရှိပါသေးတယ်။

လျှို့ဝှက်အိမ်ထောင်ရေး-ဇနီးသည်၏ခင်ပွန်းဖြစ်သူအားလုယူခြင်း (Book 1) Completed Where stories live. Discover now