Story 9(Zawgyi)

736 5 0
                                    

တစ်ယောက်ယောက် ကျွန်မကိုကူညီကြပါဦး... ကျေးဇူးပြုပြီးကူညီပေးပါ... ငါမသေခြင်သေဘူး... ကူညီကြပါ... လီရှောင်လုကအကူအညီလှမ်း‌တောင်း‌သည်။သူ(မ)ဘေးပတ်ပတ်လည်တွင် မီးများဝန်းရံနေသည်။

လုရှောင်လုသည် တစ်ယောက်ယောက်၏ရီသံကိုကြားလိုက်ရသည်။သူ(မ)ကြည့်လိုက်သောအခါ လီရိုလန်၊ချန်းယုဖန်နှင့်မင်ရှုမင်တို့ရယ်‌မောနေသည်ကိုမြင်လိုက်တယ်။

"ဒီဘ၀မှာလည်း နင်ကငါတို့ရဲ့အစေခံပဲရှောင်လု၊ဒါကနင့်ရဲ့ကံကြမ္မာပဲ... အခုတော့ နင်သေရတော့မှာလေ... "
လီရိုလန်က သူ(မ)ဖြစ်နေသောပုံစံအားကြည့်ကာ ရီနေသည်။

"မဟုတ်ဘူး..." လီရှောင်လုလန့်ကာနိုးလာ၏။သူ(မ)၏တစ်ကိုယ်လုံးသည်ချွေးများဖြင့် ရွှဲစိုနေပြီးတုန်ရီနေသည်။

သူမ ဘယ်ညာ ကြည့်လိုက်သောအခါ... မီးများမရှိပေ၊မဟုတ်ဘူး ရိုလန်.... အရာအားလုံးပြီးသွားပြီ....ဒါဟာအိပ်မက်ဆိုးတစ်ခု... အိပ်မက်ဆိုးသက်သက်ပဲ...

လီရှောင်လုသည် သူ(မ)စိတ်ငြိမ်သက်စေရန် အသက်ပြင်းပြင်းရှူလိုက်တယ်။
"ဒီတစ်ခါကတော့ငါရဲ့ကံကြမ္မာကို ငါကိုယ်တိုင်ပြောင်းလဲပစ်ရမယ်။လီရိုလန်၊ချန်းယုဖန်နဲ့မင်ရှုမင်... နင်တို့အားလုံးငါ့ကိုအရုပ်တစ်ရုပ်လို့ကစားလို့မရစေရဘူး" ကြုံးဝါးလိုက်သည်။

လီရှောင်လုသည်သူတို့အားလုံးကို လက်စားချေရန်စိတ်ပိုင်းဖြတ်ကာ အိပ်ယာပေါ်မှထကာ ရေချိုးရန်ရေချိုးခန်းထဲသို့ ဦးတည်ကာသွားလိုက်တယ်။

ရေချိုးပြီးနောက်လီရှောင်လုသည် အဖြူရောင်ဂျင်းဘောင်းဘီနှင့် အပြာရောင်ခါးတိုအကျီအားဝတ်ဆင်ထားသည်။သူ(မ)သည် ပန်းနုရောင်နှုတ်ခမ်းနီအားဆိုးကာ ဆံပင်တစ်ဝက်ကိုစည်းကာ တစ်ဝက်အားချထားလိုက်သည်။သူ(မ)သည် အ‌ဖြူရောင်snakerအားစီးကာပိုက်ဆံအိတ်လွယ်ကာထွက်သွားလေ၏။ခနအကြာတွင် ရှောင်လုသည်တက္ကစီတစ်စီးကိုငှားကာ Marvellous Universe သို့သွား‌လိုက်သည်။

Marvellous Universe ဆိုသည့်နေရာသို့ရောက်သောအခါ လီရှောင်လုသည်အပေါ်သို့မော့ကြည့်ကာ ထိုရှေ့တွင်ခနရပ်လိုက်သည်။

လျှို့ဝှက်အိမ်ထောင်ရေး-ဇနီးသည်၏ခင်ပွန်းဖြစ်သူအားလုယူခြင်း (Book 1) Completed Where stories live. Discover now