Story 5(Uni)

2.1K 109 3
                                    


"အ့....." လီရှောင်လုနိုးလာပြီး လေအောင့်လာသည်။ သူမတစ်ကိုယ်လုံး တုန်တုန်ယင်ယင်ဖြင့် လှည့်ပတ်ကြည့်မိသည်။

ငါဘယ်မှာလဲ? ဘယ်သူကငါ့ကို ကယ်ခဲ့တာလဲ?

လီရှောင်လုသည် သူ(မ)၏ကိုယ်ပိုင်တိုက်ခန်းတွင်ရှိနေသည်ကို သူ(မ)သိလိုက်သောအခါ မျက်လုံးမှိတ်လိုက်သည်။ ခနနေသောအခါကုတင်ပေါ်မှ ထကာ စောင်ကို ပစ်ချလိုက်သည်။ မီးလောင်ဒဏ်ရာများ ရှိမရှိ စစ်ဆေးရန် မှန်ရှိရာသို့ ပြေးသွားခဲ့သည်။

မှန်ကိုကြည့်လိုက်သောအခါလီရှောင်လုတစ်ယောက်စိတ်ရှုပ်ထွေးသွားတယ်။**မီးလောင်ဒဏ်ရာတွေကမရှိတော့တာလား? သူ့ခန္ဓာကိုယ်မှာ အမှတ်အသားတွေ ဒါမှမဟုတ် မီးလောင်ခံထားရတဲ့ လက္ခဏာတွေ မပြသင့်ဘူးလားဆိုတာ သတိရသွားတယ်။ ပါးပြင်တွေတောင် ရောင်နေပုံမပေါ်ဘူး....သူမကို ဘယ်သူက ဒီကို ခေါ်လာတာလဲ?**တွေးလိုက်၏။

ရုတ်တရက် သူ(မ)၏မျက်လုံးများသည် မှန်အပြင်ရှိ ပြက္ခဒိန်ဆီသို့ ရောက်သွားခဲ့သည်။ လီရှောင်လုသည် သူ(မ)၏ မျက်လုံးများကို ပြူးကျယ်လာကာ ရက်စွဲအား ထိတ်လန့်စွာ ကြည့်လိုက်သည်။

လွန်ခဲ့သောသုံးနှစ်က......

လီရှောင်ယုသည်အလွန်ထိတ်လန့်သွားသောကြောင့် ဘာပြောရမှန်းမသိဖြစ်သွား၏။သူ(မ)သည် အမှန်ဖြစ်ကြောင်း သိရရန် သူ(မ)ကိုယ်ကို ဆွဲဆိတ်ကြည့်လိုက်သောအခါ နာကျင်မှုခံစားရသောကြောင့်အမှန်ဖြစ်ကြောင်းယုံကြည်သွားသည်။

သူ(မ)သည် ပြန်လည်မွေးဖွားလာခဲ့သည်။ ဘုရားသခင်က သူမကို ဒုတိယအကြိမ် အခွင့်အရေးပေးခဲ့တယ်။ လီရှောင်ယုသည် မှန်ထဲတွင် သူ့ကိုယ်သူကြည့်ရင်း ရယ်မောလိုက်သည်။

လီမိသားစု၊လီရိုလန်၊မင်ရှုမင်၊ချန်းယုဖန်... ဒီတစ်ခါနင်တို့အလှည့်ပဲ

သူ(မ)အရာအားလုံးအားမှန်ကန်စွာ မှတ်မိပါက ချန်းယုဖန်နှင့်တစ်နှစ်ကြာ ဆက်ဆံရေးရှိခဲ့ပြီး၊ သူမသည်ရိုလန်နှင့်ရှုမင်တို့၏ အသက်မွေးဝမ်းကြောင်းလုပ်ငန်းများတွင် ကူညီဆောင်ရွက်ပေးနေပြီး သူမ၏ကိုယ်ပိုင် ဒီဇိုင်းစတူဒီယိုကို ဖွင့်လှစ်တော့မည်ဖြစ်သည်။

လျှို့ဝှက်အိမ်ထောင်ရေး-ဇနီးသည်၏ခင်ပွန်းဖြစ်သူအားလုယူခြင်း (Book 1) Completed Where stories live. Discover now