part 90+91 (ကျွန်တော့်အပြောကို ဘယ်လိုသဘောရလဲ?)

925 52 0
                                    

Unicode

လီရိဖန်ကရယ်မောရင်း "ကျွန်တော်က အမနဲ့တူနေလို့ ဖြစ်နိုင်တယ်။"

"နင်..."လီရှောင်လုက ခနရပ်ပြီး သူ့ကိုလက်ညှိုးထိုးပြီး "နင်ကရောမိဘမဲ့ပဲလား?"

သူကအနည်းနှုတ်ခမ်းဆူရင်း သက်ပျင်းတစ်ချက်ချကာ "ကံမကောင်းပါဘူး။ငါ့မှာ ဒီလိုကံကောင်းမှုမျိုး မရှိဘူး"

လီရှောင်လု၏ မျက်လုံးများ အနည်းငယ်မှိန်သွားပြီး သူမချက်ချင်းပဲ မျက်မှောင်ကြုတ်ကာ
"မိဘမဲ့ကလေးဖြစ်ရတာ ဘာမှအဆင်မပြေဘူး။"ရှောင်လုသည် သူမရဲ့မိဘအရင်းတေဠကို ဘယ်လောက်လွမ်းမှန်းသူမနှလုံးသားကပဲ သိတယ်။ဖြစ်နိုငါရင်သူတို့နဲ့ မြန်မြန်ပြန်တွေ့ခြင်တယ်။

"ဒါပေမယ့် လီမိသားစု၀င်ဖြစ်ရတာထက် မိဘမဲ့ဖြစ်လိုက်ရတာက ပိုကောင်းတယ်။"လီရိဖန်က ပခုံးတစ်ချက်တွန့်လိုက်၏။

"အဲ့ဒါကတော့သေချာတယ်။သူတို့က သူတို့အကျိုးကျေးဇူး ရဖို့အတွက် ဘယ်လိုအသုံးချရမလဲ ဆိုတာပဲသိကြတာ...ရိဖန်၊နင်ကမိဘမဲ့ မဟုတ်ဘူးဆိုရင် ဘယ်သူလဲ?နင်သူတို့နဲ့ ဘယ်လိုဆက်စပ်နေတာလဲ?"ရှောင်လုကစိတ်၀င်တစားမေးလိုက်သည်

"အမဘယ်လိုထင်နေလဲဆိုတာ ကျွန်တော်အရင်သိချင်းတယ်။ကျွန်တော်ကဘယ်သူလဲ?အမကိုပြောပြရင် ကျွန်တော့်ရဲ့ ရည်ရွယ်ချက်ကဘာလဲ?ကျွန်တော်အမှန်အတိုင်း ပြောနေတယ်ထင်လား?"

"ငါမသိဘူး.... ငါနင့်ကိုယုံသင့်တယ် ဒါမှမဟုတ်ရင် ငါမယုံတာလဲဖြစ်နိုင်တယ်။နင့်ရဲ့‌ဇာတ်လမ်းကရောဘာလဲ?"လီရှောင်လုကပြောလိုက်သည်။လီရိဖန်က လီယူဘင်ရဲ့သားဖြစ်တယ်ဆိုတာ သူမသိသလောက်ပင်။သူမသည် လီမိသားစုရဲ့ ကျွန်အဖြစ် အသုံးချခံရသည့် တစ်ဦးတည်းသော အပြင်လူတစ်ယောက်သာဖြစ်သည်။

လီရိဖန်သာ လီယူဘင်၏သားမဟုတ်ပါက ကောင်းကောင်းမွန်မွန်  ဆက်ဆံခံရမည်မဟုတ်ပေ။လီယူဘင်သည် မိမိအတွက် အကျိုးအမြတ်တစ်ခုတည်းသာ လိုချင်သည့် အဆိပ်ပြင်းသည့် မြွေတစ်ကောင်ပင်ဖြစ်၏။ပြီးတော့ သူသည် အခြားဘယ်သူကိုမှ ဂရုစိုက်မည်မဟုတ်ပေ။

ပြီးတော့ ဒီအခြေ‌ခံလောက်နဲ့ ဘာလို့သူ့ကိုယုံကြည်ပေးရမှာလဲ?သူမရဲ့အတိတ်ဘ၀က ခံစားခဲ့ရတုန်းက သူကဘယ်မှာလဲ?အဲ့ဒီ့တုန်းက ဘာလို့သူ့ကို မကယ်ခဲ့တာလဲ?

လျှို့ဝှက်အိမ်ထောင်ရေး-ဇနီးသည်၏ခင်ပွန်းဖြစ်သူအားလုယူခြင်း (Book 1) Completed Where stories live. Discover now