story 58(ရုပ်သေးရုပ်ဖြစ်ခြင်း)

874 48 3
                                    

Unicode

လီရှောင်လု၏ ပြောဆိုမှုကိုခံရပြီးနောက် ချန်းယုဖန်သည် စကားတစ်ခွန်းမှမပြောဘဲ ထောင့်နားတွင်ရပ်ကာနေခဲ့သည်။
ချန်းယုဖန်၏ထိတ်လန့်တုန်လှုပ်နေသော မျက်နှာကိုမြင်လိုက်ရချိန် လီရှောင်လုသည်သူမကိုယ်သူမ ဂုဏ်ယူနေမိသည်။သူမရဲ့အရင်ဘ၀တုန်းက သူမဟာသူ့အတွက်တော့ ရုပ်သေးရုပ်တစ်ရုပ်လိုပင်၊သူ့ပြောတာနားထောင်ပြီး သူထားတဲ့နေရာမှာနေ၊သူသွားဆိုသွား...သူ့စကားမှန်သမျှဟာ သူမအတွက်တော့အမိန့်တစ်ခုလိုပင်။အဲ့အချိန်တုန်းကလီရှောင်လုကတော့ သူပြောတဲ့အတိုင်းနေရတာကို ပျော်ရွှင်နေတဲ့သူပေါ့...

ချန်းယုဖန်ကိုကိုင်တွယ်ဖြေရှင်းပြီးနောက် လီရှောင်လုသည် သူမရဲ့ချစ်လှစွာသောညီမလေးကို လှည့်ကြည့်လိုက်သည်။
"ငါနင့်ကိုစိန်ခေါ်နေတယ်။နင်လက်ခံရဲလားလီရိုလန်?"

"အိုကေလေ...ငါလက်ခံတယ်"လီရိုလန်ကဂုဏ်ယူစွာပြောလိုက်သည်။

လီယူဘင်က"တော်လောက်ပြီ!!မင်းတို့နှစ်ယောက်စလုံး ငါရှိနေသေးတာကိုသတိရကြစမ်း!ရှောင်လုကလည်းရိုလန်ကို စိန်ခေါ်မှာမဟုတ်ဘူး။ရိုလန်ကလည်း ရှောင်လုစိန်ခေါ်တာကို လက်ခံမှာမဟုတ်ဘူး။မင်းတို့နှစ်ယောက်စလုံး အဖေပြောတာကြားလား!!!"

လီယူဘင်ဒေါသအရမ်းထွက်နေတော့ သူ့ခေါင်းထဲရှိ သွေးကြောတွေ ပေါက်ထွက်လုမတတ်ခံစားလိုက်ရတယ်။
"ရှောင်လု၊အဖေသမီးဆီက ဒါကိုမမျှော်လင့်ထားဘူး။သမီးဘာတွေလုပ်နေတာလဲ?စိန်ခေါ်တာတွေ၊အလုပ်အကိုင်တွေကို ဖျက်ဆီးနေတာလား?"

"နောက်တစ်ယောက်...ရိုလန်၊သမီးအမနဲ့စကားပြောပုံကဒီလိုလား?တစ်ယောက်နဲ့တစ်ယောက် ရွဲ့စောင်းနေပြီး မုန်းစရာကောင်းတဲ့ စကားတွေပြောပြီး ကျိန်ဆဲနေလိုက်တာမှ...အဖေသမီးတို့နှစ်ယောက်စလုံးကို တကယ်စိတ်ပျက်သွားပြီ။မင်းတို့နှစ်ယောက်စလုံးကအဖေ့ရဲ့သမီးတွေလေ...ညီအမအချင်းချင်း ဘာလို့ရန်ဖြစ်နေကြတာလဲ?"ဟုစိတ်ပျက်သောလေသံဖြင့်မေးလိုက်သည်။

လီရှောင်လုက"တကယ်အဖေလား?ကျွန်မကရှင့်ရဲ့သမီးလား?"

လီယူဘင်ရဲ့မျက်နှာနီရဲသွားသည်။သူမစကားကိုကြားတော့ သူ့နှလုံးခုန်သံမြန်လာသည်။ထိုစကားများသည် သူအကြောက်ဆုံးစကားများပင်ဖြစ်သည်။
"ရှောင်လု၊သမီးဘာတွေပြောနေတာလဲ?မင်းကအဖေတို့မိသားစုရဲ့သမီးကြီး‌ပဲ..."

လျှို့ဝှက်အိမ်ထောင်ရေး-ဇနီးသည်၏ခင်ပွန်းဖြစ်သူအားလုယူခြင်း (Book 1) Completed Where stories live. Discover now