story 31(သူကအနမ်းတော်သူလား?)

1.3K 68 0
                                    

Unicode

"ဟုတ်တယ်အချစ်ကလေး..." ယုရူရှီကသူမရဲ့မိခင်မေတ္တာအတုတွေကိုပြသကာလီရှောင်လုအနားတွင်ထိုင်ကာပြောလိုက်သည်။လူတိုင်းလည်းမနက်စာစားကြ‌တော့သည်။လီရှောက်လုသည်သူမအားတစ်ယောက်ယောက်စိုက်ကြည့်နေသည်ကို ခံစားရသောအခါထမင်းစားနေသည်အားရပ်လိုက်ပြီးမော့ကြည့်လိုက်တော့ လီရိုလန်ကသူ့ကိုပြုံးပြနေတာကိုတွေ့ရ၏။
"တစ်နေရာသွားမလို့လားအမ?"

လီရှောင်လုကခေါင်းခါလိုက်ပြီး
"မဟုတ်ပါဘူး... ဘာလို့လဲ?"

လီရိုလန်လည်းပခုံးကိုတွန့်လိုက်ပြီး
"အမကအ၀တ်အစားလှတာတွေ၀တ်ထားပြီး အရမ်းလှနေလို့ပါ။အဲ့ဒါကြောင့်အမတစ်နေရာသွားရမယ်လို့ထင်ခဲ့တာ..."

"အဲ့လိုလဲမဟုတ်ပါဘူး။အခုဆိုလူတိုင်းကအမရဲ့ဖြစ်တည်မှုကိုသိနေကြပြီ‌ဆိုတော့ အမ‌အနေနဲ့လီမိသားစုရဲ့နောက်ခံကိုထိန်းသိမ်းရမှာပဲလေ..."

ထိုအခါလီယူဘင်က
"ဟား.. ဟား... သမီးပြောတာမှန်တယ်ရှောင်လု၊အခုသမီးရဲ့တည်ရှိမှုအထောက်အထားကိုလူတိုင်းသိပြီးပြီ။အဲ့တော့သမီးရဲ့ပုံရိပ်ကိုထိန်းထားရပြီ။"

လီရှောင်လုကခေါင်းဘိတ်လိုက်ပြီး
"ဟုတ်ကဲ့ပါဖေဖေ..."

"သတိထားရမှာက..."လီယူဘင်ကသတိရသွားသည်။

"သမီးရဲ့တည်ရှိမှုကိုဖုံးကွယ်ထားရမယ်ဆိုတာသိပါတယ်ဖေဖေ၊ဒါပေမယ့် မိဘတွေကိုစော်ကားနေတဲ့အခါကိုယ့်ကိုကိုယ်မထိန်းထားနိုင်တော့ဘူးဖြစ်သွားတယ်။သမီးတကယ်တောင်းပန်ပါတယ်ဖေဖေ"

"အဲ့လိုဆိုနင်ဒီနေရာကို အရင်မလာသင့်ဘူးး"လီရိုလန်ကအော်လိုက်သည်။သူမသည်မနက်စာကိုအေးအေးချမ်းချမ်းစားခြင်သော်လည်း ပါးနပ်စွာဖြင့်လီရိုလန်ရဲ့စိတ်ခံစားချက်ဟာလုံး၀ပျက်ဆီးသွားတော့သည်။

"ရိုလန်..."လီယူဘင်ကကြိမ်းမောင်းခဲ့သည်။
"သူမကမင်းရဲ့အမကြီးနော်..."

"ဒီမှာ လူတိုင်းသိပါတယ်....အဲဒါသူ့အမှားပါ....သူဘာလို့ဒီကိုလာပြီး ၀တ်စားထားတာလဲ?...." လီရိုလန်ကစောဒကတက်သည်။ "သူမလာခဲ့ရင် သူ့ဖြစ်တည်မှုအထောက်အထားကို ဖော်ထုတ်ပြမှာ မဟုတ်ဘူးလား? "

လျှို့ဝှက်အိမ်ထောင်ရေး-ဇနီးသည်၏ခင်ပွန်းဖြစ်သူအားလုယူခြင်း (Book 1) Completed Where stories live. Discover now