story 50(မင်းဆီပြေးနေတယ်)

1K 55 0
                                    

Unicode

"မန်နေဂျာယိင်း၊ရိုလန်ကဘာလို့ထွက်ပြေးသွားတာလဲ?"လီရှောင်လုကမေးလိုက်တယ်။

ယိင်းယွီကလှောင်ပြောင်ပြီး
"ပြေးတယ်?သူမကဘာလို့ထွက်ပြေးရမှာလဲ?နေမကောင်းလို့ပြန်သွားတာပါ..."

"အိုးတကယ်!ငါ့ရဲ့ရှောင်လုကိုကြည့်ရင်း သူထွက်ပြေးသွားတယ်ထင်တယ်.."ယန်မီကလှောင်ပြောင်လိုက်သည်။

ယွိင်းယွီကရယ်မောရင်း"သူမကလီရှောင်လုရဲ့ညီမပါမစ္စယန်မီ၊သူ့အမကို့ကြည့်ပြီး ဘာလို့ထွက်ပြေးရမှာလဲ?"

ယန်မီကပခုံးတွန့်ပြလိုက်သည်။"သူမမှာနက်နဲ့လျှို့ဝှက်ချက်တစ်ခုခုရှိကောင်းရှိနိုင်တယ်။အဲ့ဒါကိုရှင်းထုတ်ရမှာကြောက်တယ်..."

ယိင်းယွီကလက်သီးစုပ်ထားလိုက်သည်။ဒီမိဘမဲ့‌ဟာမက ယန်မီကိုတစ်ခုခုပြောခဲ့တာလားလို့ သူတွေးမိတယ်။ဝိုင်းအော်ရတာ နှစ်သက်တဲ့လူက ဒီလိုမျက်နှာမျိုးနဲ့ပါးရိုက်မယ်ဆိုတာကို သူမမယုံနိုင်လောက်အောင်ပါပဲ။

လီမိသားစုရဲ့အခြေအနေကိုသူမသိပြီးသားပင်။အဲ့ဒါကြောင့်ဒီလိုပါ၀င်ခွင့်ရသည့်အတွက်လည်း၀မ်းသာမိသည်။ယခုတော့လီရှောင်လုသည် ဒီလိုပုန်ကန်မည်လို့ သူတစ်ခါမှမတွေးဖူးသလို သိလည်းမသိခဲ့ပါ။

ယိင်းယွီ၏ဖြူဖျော့ဖျော့မျက်နှာထာူကိုမြင်တော့ ယန်မီ၀မ်းသာသွားသည်။
"မန်နေဂျာယိင်း၊နင်ဘာလို့စိတ်တွေအရမ်းရှုပ်နေတာလဲ?ငါကနောက်လိုက်တာပါ။"

ယိင်းယွီကလီရှောင်လုကိုကြည့်ရင်းပြုံးလိုက်ကာ"နင်နဲ့ခနလောက်စကားပြောလို့ရမလား?"

"မန်နေဂျာယိင်းကငါ့ရှေ့မှာပဲ ငါ့ရဲ့အနုပညာရှင်မပြောနိုင်တာ ဘာအကြောင်းမလို့လဲ?"

"ဟီးဟီး...ယန်မီ၊ငါကလီရှောင်လုနဲ့ကိုယ်ရေးကိုယ်တာကိစ္စ စကားပြောခြင်လို့ပါ။‌နင်စိတ်မ၀င်စားလောက်ဘူးထင်တယ်။"ယင်းယုံကယဉ်ယဉ်ကျေးကျေးပြောလိုက်သည်။

ယန်မီကမျက်နှာသာမပေးဘဲ"ငါစိတ်ထဲမထားပါဘူး။"

"အမယန်မီ၊ငါအဆင်ပြေမှာပါ။"ရှောင်လုကယန်မီကိုအာမခံကာပြောလိုက်၏။

လျှို့ဝှက်အိမ်ထောင်ရေး-ဇနီးသည်၏ခင်ပွန်းဖြစ်သူအားလုယူခြင်း (Book 1) Completed Where stories live. Discover now