Unicode
ဒီလိုမျိုးသူနဲ့ကြုံဖူးတာဒါပထမဆုံးပဲ။သူ့ရဲ့စိတ်တွေကို တခြားအရာတွေထံလွှဲပေးလိုက်ခြင်းဖြင့် သူကိုယ်သူတည်ငြိမ်နိုင်အောင်ကြိုးစားလိုက်သည်။သူ့ရင်ခွင်ထဲ၌နာခံစွာလဲလျောင်းနေသောလူကို မြင်တော့သူပြုံးလိုက်မိတယ်။ငါသူမကိုဒီလိုအမြဲတမ်းထိန်းထားခြင်တယ်....
ခဏကြာသောအခါလီရှောင်လုကမော့ကြည့်ပြီးနောက်
"ဟေ့... ရှင်အဆင်ပြေရဲ့လား?""ဟမ်..." သူခေါင်းညိတ်လိုက်သည်။
"တောင်ူပန်ပါတယ်။"လို့ပြောလိုက်ရင်းနားရွက်တွေနီရဲလာတယ်။"ရှင်ကရှက်နေတာလား?"လီရှောင်လုကသူ့မျက်နှာနီရဲနေတာကိုမြင်ချိန်မေးလိုက်တယ်။အရမ်းချစ်ဖို့ကောင်းတယ်....
"ဟင့်အင်း၊မရှက်ပါဘူး..."ဇီဟန်မျက်လုံးချင်းမဆုံအောင်နေကာငြင်းလိုက်သည်။
"ရှင်၊အေးစက်ပြီးခံစားချက်မဲ့တဲ့စီအီးအိုက မျက်နှာနီရဲနေတယ်"လို့သူ့ကိုရယ်မောပြီးနောက်ပြောင်လိုက်တယ်။သူမလေးရဲ့ရယ်သံသည် သူ့နားထဲနွင်ဂီတသံကဲ့သို့ဖြစ်နေ၏။သူလည်းပြုံးပြီးသူမကိုကြည့်ရင်း"ရှီဖန်ကိုမင်းဘယ်လိုလုပ်မှာလဲ"
"မနက်ဖြန်ရှင်သိပါလိမ့်မယ်။ဒီလူကရှီဖန်ဆိုတာကိုရှင်ဘယ်လိုသိတာလဲ.."
"ကိုယ်သိပါတယ်"လို့ထပ်ပြီးရှင်းပြမနေပဲပြန်ဖြေလိုက်သည်။သူမလေးနဲ့ပက်သက်သမျှကိစ္စအားလုံးသူအကုန်သိသည်။
"ဘာပဲဖြစ်ဖြစ်...."လီရှောင်လုက"ရှင်ကျွန်မကိုမပြောပြခြင်လည်းရပါတယ်။"
"ရှောင်လု..."ဇီဟန်ကလှမ်းခေါ်လိုက်တယ်။
"ဟမ်..."လို့အိပ်ငိုက်နေတဲ့ပုံစံနဲ့ပြောလိုက်သည်။
ပြီးတော့အနည်းငယ်တုံ့ဆိုင်းသွားပြီး
"မင်း၊ချန်းယုဖန်အတွက်ခံစားချက်တွေရှိသေလား?"
သူမအဖြေကိုစိတ်ရှည်စွာစောင့်ဆိုင်းနေသော်လည်းဘာမှမကြားရပေ။အဖြေမပေးသောအခါတွင် သူ့၏နှလုံးခုန်သံမြန်သွား၏။သူမရဲ့နှလုံးသားထဲမှာအဲ့ဒီ့လူအတွက်ခံစားချက်တစ်ချို့ရှိနေတုန်းပဲလား??
YOU ARE READING
လျှို့ဝှက်အိမ်ထောင်ရေး-ဇနီးသည်၏ခင်ပွန်းဖြစ်သူအားလုယူခြင်း (Book 1) Completed
Romantikဇီဟန်-မင်းကငါနဲ့အတူအိပ်ပြီးတော့မှထွက်ပြေးဖို့လုပ်နေတာလား? ရှောင်လု-ရှင်ဒီကိစ္စကို One Night Stand အဖြစ်သဘောထားလိုက်လို့မရဘူးလား? ဇီဟန်-မင်းကိုယ့်ကိုတာ၀န်ယူရမယ် ရှောင်လု-ဘာကိုယူရမယ်? ဇီဟန်-ကိုယ့်ကိုလက်ထပ်ပါ... 📰 Secret marriage:Wife Spoiling husban...