Unicode
လီရှောင်လုလဲကျလုနီးပါးဖြစ်တာကို မြင်သောကြောင့် ဇီဟန်သူ့အခန်စထဲကနေ ချက်ခြင်းထွက်လာခဲ့သည်။သူဟာချက်ခြင်းပဲသူမဆီသို့သွားလိုက်သည်။သူမဆီသို့ အပြေးအလွှားသွားကာ နာကျင်စွာ အော်ဟစ်သံကို ကြားလိုက်ရသောအခါ သူ့လက်နှစ်ဖက်ကိုဖမ်းဆုပ်လိုက်သည်။
"မင်းအဆင်ပြေရဲ့လားရှောင်လု?"
ရင်းနှီးတဲ့အသံကိုကြားလိုက်ရသဖြင့် လီရှောင်လုစိတ်အေးသွားကာ "ဇီဟန်...ရှင်ပဲ.."
"မင်းအဆင်ပြေရဲ့လား?မင်းကိုကြည့်ရတာ ဘာလို့ဒီလောက်တောင် ဖြူဖျော့နေတာလဲ?ဘာဖြစ်နေတာလဲ?"ဇီဟန်ကသူမကို သေချ။ကြည့်ရင်းမေးလိုက်၏။သူမလေးတစ်ကိုယ်လုံးမှာချွေးများထွက်နေပြီး မျက်လုံးကိုကြည့်လိုက်ချိန်မှာလည်း တစ်၀က်မျှသာပွင့်နေ၏။
"ဒ-ဒါက ရှင့်အခန်းလား?"လီရှောင်လုက နာကျင်စွာညည်းညူရင်း မေးလိုက်တယ်။
"အ-အင်း..."ဇီဟန်ကခေါင်းညိတ်လ်ုက်ပြီး "ဘာဖြစ်နေတာလဲ?မင်းကိုယ့်ကိုကြောက်နေတာလားရှောင်လု?တစ်နေရာရာများ နာကျင်နေလို့လား?ကိုယ်ဆရာ၀န်ခေါ်ပေးရမလား?ယန်မီကရော ဘယ်မှာလဲ?ညစာစားပွဲမှာရှိနေတာမင်းမဟုတ်ဘူးလား?"
"ညစာစားပွဲ...ဖျော်ရည်..ဆေး...ပူတယ်..."လီရှောင်လုသည် ဇီဟန်၏မေးခွန်းအား တနည်းနည်းဖြင့်ပြောနိုင်အောင် ကြိုးစားလိုက်တယ်။
သူမလက်ကိုဆုပ်ကိုင်ရင်း ဇီဟန်သည်ချက်ခြင်းပဲ သူမကိုအခန်းထဲသို့ဆွဲခေါ်သွားသည်။ပြီးတာနဲ့ရေချိုးခန်းထဲသို့ တိုက်ရိုက်လျှောက်သွားလိုက်သည်။
"ဒါကအကူအညီဖြစ်မှာပါ..."ဇီဟန်ကသူ့ရဲ့ဒေါသကိုထိန်းကာ သူမလေးအားပြောလိုက်၏။လီရှောင်လုသညါရေပန်းအောက်၌မတ်တပ်ရပ်နေရင်း သူမကိုယ်ပေါ်သို့ ရေအေးများစီးကျတဲ့ကြားက ခေါင်းညိတ်ပြလိုက်တယ်။သူမလေးနာကျင်နေတာကိုမြင်တော့ ဇီဟန်၏မေးရိုးများကတင်းလာကာ အဲ့ဒီ့နားကနေမြန်မြန်ထွက်သွားလိုက်သည်။
ဒီလူတွေကများ...
ငါ့ရဲ့ရှောင်လုကို ဒုက္ခပေးဖိုးကြိုးစားရဲတယ်။ငါသူတို့ကို ဒီတိုင်းမထားနိုင်ဘူး။
YOU ARE READING
လျှို့ဝှက်အိမ်ထောင်ရေး-ဇနီးသည်၏ခင်ပွန်းဖြစ်သူအားလုယူခြင်း (Book 1) Completed
Romanceဇီဟန်-မင်းကငါနဲ့အတူအိပ်ပြီးတော့မှထွက်ပြေးဖို့လုပ်နေတာလား? ရှောင်လု-ရှင်ဒီကိစ္စကို One Night Stand အဖြစ်သဘောထားလိုက်လို့မရဘူးလား? ဇီဟန်-မင်းကိုယ့်ကိုတာ၀န်ယူရမယ် ရှောင်လု-ဘာကိုယူရမယ်? ဇီဟန်-ကိုယ့်ကိုလက်ထပ်ပါ... 📰 Secret marriage:Wife Spoiling husban...