Unicode
လီရှောင်လု၏ဘေးတွင် ချမ်းသာသောမိန်းကလေးများစွာဖြင့် ၀န်းရံနေသည်။သူတို့အားလုံးသည် သူ(မ)၏ဘ၀၊သူ(မ)၏အလှနှင့် အခြားမေးခွန်းများစွာကို သူ(မ)အားမေးမြန်းနေကြသည်။ယုရူရှီသည် သူ(မ)အားချစ်ခင်ကြင်နာတတ်သောမိခင်တစ်ယောက်အဖြစ်ဟန်ဆောင်ကာ သူ(မ)ရဲ့ဘေးတွင်ရပ်နေချိန်။ လီရှောင်လုသည် ယဉ်ကျေးစွာပြန်လည်ဖြေခဲ့သည်။
သူ(မ)ကိုစောင့်ကြည့်ပြီး သူ(မ)ပြောနေတာတွေကို မြင်အောင်ကြည့်ဖို့ပဲရှိတယ်ဆိုတာ သူမသိ။"မစ္စလီ၊ မင်းကတကယ်ကို အရမ်းလှပြီး ဒီဝတ်စုံကတစ်မျိုးပဲလို့ပြောလို့ရတယ်။ အဲဒါဘယ်မှာဝယ်ခဲ့တာလဲ ပြောပြလို့ရမလား?? ဘယ်brandကလဲ?"မိန်းကလေးတစ်ဦးက မေးခွန်းထုတ်သည်။
"အမ်... LXလို့ခေါ်တဲ့ဒီဇိုင်နာအသစ်ပါ။ သူ(မ)နဲ့မတော်တဆတွေ့ပြီး ဒီဝတ်စုံကိုဝယ်ခဲ့တာပါ..." လို့ ယဉ်ယဉ်ကျေးကျေး ပြန်ဖြေလိုက်တယ်။
"အိုး... ဒီဇိုင်နာအသစ်လား? ဒါက တကယ်ကိုလှပတဲ့၀တ်စုံတစ်ခုပါ..." သူ(မ)တကယ်ကို အံ့အားသင့်စွာ ပြောလိုက်သည်။
အချိန်အတော်ကြာပြီးနောက် လီရှောင်လုသည် သူ့အားသွားခွင့်ပြုရန်ပြောပြီး ဖျော်ရည်တစ်ခွက်ကို ယူကာ ထောင့်တစ်နေရာတွင်ရပ်လိုက်သည်။အားလုံးက သူ(မ)အစီအစဉ်အတိုင်းဖြစ်သွားလို့ ဝမ်းသာတယ်။
သူ(မ)သည် ယောက်ျားအလုပ်သမားအဖြစ် ဟန်ဆောင်ကာမီးဆိုင်းပြင်ဆင်ရာတွင် အလုပ်လုပ်နေသည်ကို သတိရမိသည်။ သူ(မ)၏ အစီအစဉ် မအောင်မြင်ပါက အခြားသူများ ထိခိုက်နစ်နာနိုင်ပြီး ထိုသို့မဖြစ်စေလိုသောကြောင့် ထိုသို့လုပ်ဆောင်နေစဉ်တွင် သူ(မ)သည် အလွန်သတိထားနေခဲ့သည်။
သူ(မ)၏ တစ်ခုတည်းသော ရည်ရွယ်ချက်မှာ လီစုံတွဲကို အနည်းငယ် ထိတ်လန့်သွားစေပြီး သူ(မ)၏ ဖြစ်တည်မှုကိုဖော်ထုတ်ရန် ထိုအခြေအနေကို အခွင့်ကောင်းယူရန်သာ ဖြစ်သည်။ ဒီလိုလူတွေကို ဆဲဆိုဖို့လုပ်ခဲ့တဲ့ ညီမကိုလည်း ကျေးဇူးတင်ခြင်တယ်။
၎င်းသည် သူ(မ)၏အစီအစဉ်အတွက် ကူညီပေးသလိုဖြစ်ပြီး အရာအားလုံးကို ကောင်းမွန်စွာ အကောင်အထည်ဖော်ခဲ့သည်။ မီးဆိုင်းနဲ့ အလုပ်လုပ်ရင်းလီရှောင်လု က သူ(မ)ဟာအနည်းငယ် ရက်စက်တယ်လို့ ခံစားမိပေမယ့် လူကိုအရှင်လတ်လတ် မီးရှို့တာနဲ့ ယှဉ်ရင် ဘာမှမဟုတ်ကြောင်း သူ(မ)သိလိုက်ရပါတယ်။ သူ(မ)သည် စိတ်နှလုံးကို ခိုင်မာစေပြီးအလုပ်ကိုလည်းလုပ်ခဲ့သည်။
YOU ARE READING
လျှို့ဝှက်အိမ်ထောင်ရေး-ဇနီးသည်၏ခင်ပွန်းဖြစ်သူအားလုယူခြင်း (Book 1) Completed
Romanceဇီဟန်-မင်းကငါနဲ့အတူအိပ်ပြီးတော့မှထွက်ပြေးဖို့လုပ်နေတာလား? ရှောင်လု-ရှင်ဒီကိစ္စကို One Night Stand အဖြစ်သဘောထားလိုက်လို့မရဘူးလား? ဇီဟန်-မင်းကိုယ့်ကိုတာ၀န်ယူရမယ် ရှောင်လု-ဘာကိုယူရမယ်? ဇီဟန်-ကိုယ့်ကိုလက်ထပ်ပါ... 📰 Secret marriage:Wife Spoiling husban...