လီရှောင်လုကိုယ်တိုင်ဖန်းတီးထားသော မင်္ဂလာဝတ်စုံဝတ်ထားတဲ့ လီရိုဟန်သည် သူ(မ)အဖေ၏ ရင်ခွင်ထဲတွင်နေတာကို လီရှောင်လုက စောင့်ကြည့်ခဲ့ပါတယ်။
သူ(မ)မင်္ဂလာဆောင်အတွက် လီရှောင်လုကိုယ်တိုင် ရေးစပ်ထားသည့် 'ထာဝရချစ်နေမယ်' သီချင်းကို မင်ရှုမင်ကတီးခတ်နေသည်ကိုလည်း သူမကြားလိုက်ရသည်။
ချန်းယုဖန်နှင်လီရိုလန်တို့နှစ်ဦးစလုံး 'ဆန္ဒရှိပါတယ်' ဟုပြောကာ အချင်းချင်းနမ်းနေကြစဉ် ချန်းယုဖန်နှင့်လီရိုလန်တို့၏ ပျော်ရွှင်ချစ်ခင်သော မျက်နှာများကို ကြည့်ရှုခဲ့သည်။လီရှောင်လုတစ်ယောက်သူတို့အားကြည့်နေရင်း သူ(မ)နှလုံးသားကို တစ်စုံတစ်ယောက်ကဓားနှင့်အကြိမ်ကြိမ်ထိုးနေသလိုခံစားရကာမွန်းကြပ်နေတယ်။
မင်္ဂလာဆောင်ပြီးတဲ့နောက်မှာတော့ သူတို့စုံတွဲဟာ သတင်းထောက်တွေဝိုင်းရံထားတဲ့ မီဒီယာပလက်ဖောင်းတစ်ခုဆီရောက်လာပြီး သူတို့ကို စတင်မေးမြန်းခဲ့ပါတယ်။
သတင်းထောက် 1 : "နတ်ဘုရားမလီ၊ မင်းရဲ့မင်္ဂလာပွဲအတွက် ဂုဏ်ယူပါတယ်.... ငါတို့မင်းကို အရမ်းပျော်ရွှင်ပြီး မင်္ဂလာရှိတဲ့ အိမ်ထောင်ရှင်မဘဝလေး ဖြစ်ပါစေလို့ ဆုတောင်းပါတယ်။ ဒီမင်္ဂလာဆောင်ဂါဝန်နဲ့ အလှဆုံးသတို့သမီးလေးကိုကြည့်ရတာ...။ ဒါကြောင့် ဒီဝတ်စုံဒီဇိုင်နာကို လူတိုင်းသိချင်နေကြတာပါနတ်ဘုရားမလီရေ... တစ်ကယ်ပဲဒီဇိုင်နာLXလား?"
လီရှောင်လုက ချန်းရိဖန်ရဲ့လက်ကို ဆုပ်ကိုင်ရင်း ပြုံးပြီးခေါင်းညိတ်ပြပြီး "မင်းတို့ရဲ့ ကောင်းချီးပေးမှုအတွက် ကျေးဇူးအများကြီးတင်ပါတယ်။ ဒီဝတ်ဆုံက LX ဒီဇိုင်းပါ..."
သတင်းထောက် 2 : "နတ်ဘုရားမလီရေ ဒါဆိုရင်မင်းက LX ကိုတွေ့ပြီးပြီလား?? ဒီလျှို့ဝှက်ဆန်းကြယ်တဲ့ဒီဖိုင်နာ LX အကြောင်း တစ်ခုခုပြောပြလို့ရမလားမသိဘူး??"
ချန်းယုဖန် က သူ(မ)အားပြုံးပြကာ ချစ်ရိပ်လွှမ်းနေသောအမူအရာဖြင့်ကြည့်ပြီးပြောလိုက်သည်။သူ(မ)နဖူးကို နမ်းလိုက်ပြီး "မိန်းမရေ...."
ချန်းယုဖန်လည်း သတင်းထောက်ကို ကြည့်လိုက်တော့ "အင်း၊ မင်းတို့အားလုံး သိချင်နေတဲ့ ဒီလျှို့ဝှက်ဆန်းကြယ်တဲ့ဒီဇိုင်နာ LX ကတော့ ငါ့မိန်းမ လီရိုဟန် ကလွဲလို့ တခြားသူမဟုတ်ဘူး..."
YOU ARE READING
လျှို့ဝှက်အိမ်ထောင်ရေး-ဇနီးသည်၏ခင်ပွန်းဖြစ်သူအားလုယူခြင်း (Book 1) Completed
Romanceဇီဟန်-မင်းကငါနဲ့အတူအိပ်ပြီးတော့မှထွက်ပြေးဖို့လုပ်နေတာလား? ရှောင်လု-ရှင်ဒီကိစ္စကို One Night Stand အဖြစ်သဘောထားလိုက်လို့မရဘူးလား? ဇီဟန်-မင်းကိုယ့်ကိုတာ၀န်ယူရမယ် ရှောင်လု-ဘာကိုယူရမယ်? ဇီဟန်-ကိုယ့်ကိုလက်ထပ်ပါ... 📰 Secret marriage:Wife Spoiling husban...