Unicode
လီရှောင်လုကိုတွေ့လိုက်ရသောအခါ လီမိသားစုတစ်စုလုံး၏မျက်နှာသည် မည်းမှောင်သွားတယ်။သူတို့အားလုံး၏စိတ်ထဲတွင်မေးခွန်းတစ်ခုတည်းသာရှိနေသည်။သူ(မ)ကဒီမှာဘာလုပ်နေတာလဲဆိုတာပင်ဖြစ်သည်။
လီရှောင်လုသည်လက်ထဲမှဝိုင်ခွက်အား သောက်ရင်း သူ(မ)၏အဖေနှင့်အမေဆီသို့လျှောက်သွားလိုက်သည်။ဒီအကွာအဝေးကနေတောင် လီယုဘင်ဆီမှ ဒေါသကိုသူ(မ)ခံစားရသည်။
သူ(မ)၏ နှုတ်ခမ်းများသည် လှောင်ပြောင်သောအပြုံးတစ်ခုအဖြစ် ပေါ်ပေါက်သွားသည်။ အင်း...အင်း....အင်း....ဇာတ်လမ်းကအခုစနေပြီ...
ထိုအချိန်တွင် လီရိုလန်သည် ချန်းယုဖန်၏လက်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားသည်။လီရှောင်လုကိုမြင်လိုက်ရချိန်တွင် သူ(မ)၏ အပြစ်ကင်းစင်တဲ့အပြုံးမျက်နှာတစ်ခုလုံးပြောင်းလဲသွားတယ်။
လီရှောင်လုရဲ့မျက်နှာကို အနီးကပ်ကြည့်လိုက်ရင်....သူ(မ)ရဲ့မျက်လုံးထဲမှာ မနာလိုမှုတွေပေါ်ပေါက်နေတယ်။ဒီအရူးမကဘာလာလုပ်နေတာလဲ?သူ(မ)ရဲ့မျက်နှာအစစ်ကိုလူတွေရှေ့မှာပြရအောင် ဘယ်သူကအဲ့ခွေးမကိုခွင့်ပြုလိုက်တာလဲ?ပြီးသောအဲ့၀တ်စုံကရော သူ(မ)ဘယ်ကရလာတာလဲ?
သူ(မ)ကများ လူတွေအားလုံးငါ့ကိုဂရုမစိုက်အောင်လုပ်ရဲတယ်ပေါ့...
လီရိုလန်သည် သူ(မ)နှင့် ထိုမျက်နှာကို အဲ့မျက်နှာကို အလျင်စလို လှမ်းကြည့်သည်။ သူ့လက်မောင်းမှ နာကျင်နေတာကို ခံစားလိုက်ရတော့ ချန်းယုဖန်က မှိန်းခနဲထွက်သွားပြီး လီရိုလန်ကို ကြည့်လိုက်ကာ "မင်းငါ့လက်မောင်းကို အရမ်း ဆုပ်ကိုင်ထားတာပဲရိုလန်.... ဘာဖြစ်တာလဲ?"
ချန်းယုဖန်သည် လီရိုလန်လိုလှပသောမိန်းကလေးကို ဖမ်းမိနိုင်သည်ဟုထင်ခဲ့သည်။ဒါကြောင့်ပဲ သူ(မ)သည် မနာလိုစိတ်ဖြင့်သူ့လက်မောင်းကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားသော်လည်း လီရိုလန်၏ လေးနက်သောမျက်နှာကို ကြည့်ကာ ထိုသို့မဟုတ်ခဲ့...
ထို့နောက်တွင် မစ္စတာလီနှင့် မစ္စစ်လီသည် ထိုအမျိုးသမီးဆီသို့ လျှောက်သွားသည်ကို သူမြင်လိုက်ရသည်။ စိတ်ရှုပ်သွားပြီး လီရိုလန်အား "ရိုလန်၊အဲဒီအမျိုးသမီးက ဘယ်သူလဲ?"လို့မေးလိုက်တယ်။
YOU ARE READING
လျှို့ဝှက်အိမ်ထောင်ရေး-ဇနီးသည်၏ခင်ပွန်းဖြစ်သူအားလုယူခြင်း (Book 1) Completed
Romanceဇီဟန်-မင်းကငါနဲ့အတူအိပ်ပြီးတော့မှထွက်ပြေးဖို့လုပ်နေတာလား? ရှောင်လု-ရှင်ဒီကိစ္စကို One Night Stand အဖြစ်သဘောထားလိုက်လို့မရဘူးလား? ဇီဟန်-မင်းကိုယ့်ကိုတာ၀န်ယူရမယ် ရှောင်လု-ဘာကိုယူရမယ်? ဇီဟန်-ကိုယ့်ကိုလက်ထပ်ပါ... 📰 Secret marriage:Wife Spoiling husban...