story 34(ကျန်းဇီဟန်ဖောက်ပြန်သောအချိန်)

1.3K 72 0
                                    

Unicode

လီရှောင်လုသည်ခံစာချက်ကိုဘယ်လိုဖော်ပြရမလဲမသိပေ။သူတို့နှစ်ယောက်စလုံးအတွက် ထိုအနမ်းဟာပထမဆုံးအနမ်းဖြစ်ခဲ့တယ်။သူမအသက်ရှုမဝသလို နှလုံးခုန်သံတွေကလည်း တဟုန်ထိုးမြန်နေပြီး ပါးပြင်တွေလည်းနီရဲနေတယ်။

ဇီဟန်ကသူမကိုတစ်စုံတစ်ခုမေးသောအခါ သူမအလွန်မှင်သက်သွားသည်။သူမ၏မျက်လုံးများသည် သူ့ရင်ဘတ်ပေါ်တွင်ကပ်လျက်ရှိနေ၏။သူ့ရှေ့က ဒီလူကအရမ်းပူတာပဲ!!သူ့ရဲ့ရင်ဘတ်နဲ့ဗိုက်သားကိုကြည့်ရင်းလီရှောင်လု၏စိတ်များလွတ်ထွက်သွားသည်။သူ့ခန္ဓာကိုယ်ကိုသဘောကျနေမှန်းသိလိုက်ရချိန်ဇီဟန်အလွန်၀မ်းသာသွားတယ်။
"ရှောင်လု၊ကိုယ်ကဆွဲဆောင်မှုရှိတယ်လို့ထင်နေတာလား?"ဇီဟန်မေးလိုက်သည်။

သူမကိုစိုက်ကြည့်မိသောအခါ သူမလေးရဲ့ပါးနှစ်ဖက်ဟာသိသိသာသာနီရဲလာခဲ့သည်။သူ့လက်ကိုရင်ဘက်ပေါ်ကနေပြန်ယူလိုက်ခြင်ပေမယ့် ဇီဟန်ကတော့သူ့လက်ကိုတင်းတင်းကြပ်ကြပ်အပေါ်ကနေဆုပ်ကိုင်ထားတယ်။

"ကိုယ်ကရုပ်ချောလား?"သူထပ်မေးလိုက်ပြန်တယ်။

"ဟင့်အင်း"လီရှောင်လုဟာ သူ့ရင်ဘတ်ကိုမကြည့်မိစေရန်လိမ်ညာလိုက်သည်။သူမမျက်နှာဟာခရမ်းချဉ်သီးတစ်လုံးလို လုံး၀ကိုနီရဲနေ၏။လီရှောင်လုကမျက်နှာလွဲလိုက်ကာ
"ကျေး.. ကျေးဇူးပြုပြီးရှင်အင်္ကျီဝတ်လို့ရမလား?"

"ဘာလို့ကိုယ့်ကိုကိုယ်မထိန်းနိုင်ရတာလဲ?"ဇီဟန်စလိုက်သည်။

"ရှင်..."ဒီလူကတော့... သူတကယ်အဓိပ္ပါယ်မရှိဘူးလား!!!တစ်ချိန်းတည်းမှာပင်ဒေါသထွက်လာတယ်။သူ့မျက်နှာဟာငါးပူဖောင်းလိုဖြစ်နေလောက်မှန်းသူမသိသည်။

မျက်လုံးကိုမှိတ်ပြီး အသက်ပြင်းပြင်းရှူလိုက်သည်။ ခေါင်းငုံ့ကာအပေါ်ကိုငုံ့ကြည့်ကာပြုံးလိုက်ပြီး "တကယ်မဟုတ်ဘူး.... မမြင်ရတော့ဘူး...."

ဇီဟန်ကသူ့ကိုယ်သူငုံကြည့်ပြီး
"တကယ်လား?"

"အင်း..." လီရှောင်လုကခေါင်းညိတ်လိုက်သည်။

လျှို့ဝှက်အိမ်ထောင်ရေး-ဇနီးသည်၏ခင်ပွန်းဖြစ်သူအားလုယူခြင်း (Book 1) Completed Where stories live. Discover now