story 43(ကိုယ့်ကိုစောင့်ဖို့သတိရပါ)

1K 61 2
                                    

Unicode

မနက်စာစားပြီးသွားတော့ လီရှောင်လုဟာသူမရဲ့ဗိုက်ကို ကျေနပ်စွာ ပွတ်သပ်လိုက်ပါတယ်။ဒီလိုမနက်စာမျိုး နေ့တိုင်းစားချင်တယ်....

ဇီဟန်ကိုကြည့်လိုက်ရင်းကိုယ့်မျက်လုံးနဲ့မမြင်ရရင် ကောလဟာလတွေဆိုတာမျိုးကို လုံးဝမယုံသင့်ဘူးလို့ခံစားရတယ်။သူသည် သူ့အကြောင်းကိုကြားရသည်နှင့် အလွန်ကွာခြားသည်။

သူသည်သွေးအေးကာရက်စက်ကြမ်းကြုတ်ပြီး စိတ်လှုပ်ရှားမှုမရှိ၊ ကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုးတစ်ဦးဖြစ်သည်ဟု လူအများကပြောကြသော်လည်း သူမသည်သူ့ထံတွင်အဲ့လိုအရာများကိုမမြင်ခဲ့။

သူ့အဆိုအရသူသည်အရှက်မရှိ၊ ဖောက်ပြန်ပြီး ထမင်းချက်ကောင်းသူဖြစ်သည်။သူကနည်းနည်းတော့ လွှမ်းမိုးနိုင်ပေမယ့် ကြောက်စရာတော့မရှိပါဘူး။အကြောင်းအမျိုးမျိုးကြောင့် သူမကတော့သူ့ရဲ့
အနားရှိတိုင်း လုံခြုံတယ်လို့ခံစားရတယ်။

သူသည် သူမကိုနမ်းသည်။တစ်ခါတစ်လေပင် သူမကိုကျီစယ်သော်လည်း သူ့ရဲ့အထိအတွေ့ကို ရွံရှာခြင်းမရှိခဲ့ပါ။ထိုအစားသူမသည် သူ့ပတ်ဝန်းကျင်တွင်အလွန်သက်တောင့်သက်သာရှိတယ်လို့ပင်ခံစားရသည်။

ဇီဟန်ကသူ့ကို တစ်ယောက်ယောက်က စိုက်ကြည့်နေသလိုခံစားရလို့ သူ့ဖုန်းကိုလှမ်းကြည့်လိုက်တော့
"ကိုယ်ရုပ်ချောမှန်းသိပေမယ့် မင်းအဲ့လောက်ကြီးကြည့်စရာမလိုပါဘူး။"

မျက်လုံးအစုံကို မှိတ်ထားရင်း မျက်မှောင်ကြုတ်ကာ "ကျွန်မရှင့်ကို စိုက်ကြည့်နေတာမဟုတ်ဘူး။ ရှင်ဘာလို့ မျက်နှာသုတ်ပုဝါနဲ့ထိုင်နေတာလဲသိချင်နေတာ...ရှင်ဝတ်ဖို့ အဝတ်မရှိဘူးလား?"

"ကိုယ့်လက်ထောက်က ကိုယ့်အဝတ်တွေကို ဒီကို ယူလာနေပြီ" သူကပြန်ဖြေတယ်။

"အိုး!" သူမကခေါင်းညိတ်သည်။ စကားပြောခါနီးတွင် တံခါးခေါက်သံမြည်လာသည်။လက်ထောက်ဖြစ်ရမည်....

နိုးလာပြီးတံခါးဆီသို့လျှောက်သွားသည်။ဖွင့်ကြည့်လိုက်တော့ လေးထောင့်ပုံသဏ္ဍာန် မျက်မှန်တပ်ထားတဲ့လူငယ်တစ်ယောက်... သူ့လက်ထဲမှာ၀တ်စုံကို ကိုင်ထားတာတွေ့လိုက်ရတယ်။

လျှို့ဝှက်အိမ်ထောင်ရေး-ဇနီးသည်၏ခင်ပွန်းဖြစ်သူအားလုယူခြင်း (Book 1) Completed Where stories live. Discover now