story 49(လီရိုလန်ရဲ့အမ)

1K 54 0
                                    

Unicode

"ဒီနေ့ကျွန်မအားလုံးကိုပြောပြခြင်ပါတယ်။ကျွန်မက'လီ'မိသားစုရဲ့သမီးကြီးလီရှောင်လုပါ။ပြီးတော့လီရိုလန်ရဲ့အမကြီးပါ"သူမက၀န်ခံတယ်။

လီရိုလန်ရဲ့အမဆိုတော့ လူတိုင်းအံ့ဩသွားကြသည်။

လီမိသားစုမှာသမီးတစ်ယောက်ထပ်ရှိတယ်ဆိုတာ သူတို့ဘယ်တုန်းကမှမသိခဲ့ဘူး။လီရိုလန်နဲ့လီရီဖန်တို့အကြောင်းသာ သူတို့သိသည်။

ဒီသတင်းဟာ သတင်းထောက်အားလုံးအတွက် အလွန်ကြီးမားတဲ့သတင်းဖြစ်တာကြောင့် လီရှောင်လုရဲ့ပုံတွေကို အလျင်အမြန်ရိုက်ထားကြတော့တယ်။

"မစ္စလီ၊မစ္စကလီရိုလန်ရဲ့အမကြီးလား?"

"ဟုတ်ပါတယ်... "

"ဒါဆို မစ္စလီ၊မစ္စရဲ့ဖြစ်တည်မှုအထောက်အထားကိုဘာလို့ဖုံးကွယ်ထားတာလဲ?မင်းကမစ္စတာလီရဲ့ အကြီးဆုံးသမီးဖြစ်မှန်း ဘယ်သူမှမသိကြဘူးလား? ဘာလို့တစ်ခါမှမပြောဖူးသေးတာလဲ?" ဟု သတင်းထောက်တစ်ဦးကမေးသည်။

"ဒါကိုသေချာပေါက် ဖုံးကွယ်ထားစရာမလိုပါဘူး။ကျွန်မကအေးဆေးနေတဲ့သူလေပြီးတော့အပြင်သိပ်မထွက်တဲ့သူဆိုတော့ ဘယ်သူမှမသိဘူး။"လို့ပြန်ဖြေလိုက်တယ်။

"မစ္စလီ၊ဒါဆိုရင်မစ္စက'Marvelous Universe'လက်အောက်အလုပ်လုပ်ဖို့ ဘာလို့ရွေးချယ်ခဲ့တာလဲ?'Motion Stars'ကိုဘာလို့မရွေးချယ်ခဲ့တာလဲ?ညီအမနှစ်ယောက်ကြားမှာ တစ်ခုခုမပြေလည်တာမျိုးရှိလို့လား?"

လီရှောင်လုကထိုလူမေးသောမေးခွန်းကို ရယ်မောလိုက်သည်။မပြေလည်တာလား?မုန်းတီးမှုလား?ငါတို့ကြားမှာသွေးထွက်သံယိုစစ်ပွဲတွေရှိတယ်။

"တကယ်တော့လီမိသားစုဟာ'Motion Starsရဲ့အဓိကရှယ်ယာရှင်တွေထဲက တစ်ယောက်ဖြစ်ကြောင်း လူတိုင်းသိမယ်ထင်ပါတယ်။အဲ့တော့ကျွန်မရဲ့ကိုယ်ပိုင်အရည်အချင်းကိုသိအမှတ်ပြုစေခြင်ပါတယ်။ပြီးတော့အမယန်မီနြဲအလုပ်တွဲလုပ်ခွင့်ရမရင် ဘယ်သူကမယူပဲနေမှာလဲ?"

သတင်းထောက်ကသူမအဖြေကိုသဘောကျ၍ပြုံးသော်လည်း "တစ်နေ့နေ့အဲ့လိုအခြေအနေရောက်လာရင် မစ္စက 'Marvelous Universe 'ကိုလား? 'Motion Stars 'ကိုလား?"အလုပ်လား ဒါမှမဟုတ် မိသားစုကိုလား?

လျှို့ဝှက်အိမ်ထောင်ရေး-ဇနီးသည်၏ခင်ပွန်းဖြစ်သူအားလုယူခြင်း (Book 1) Completed Where stories live. Discover now