story 70 (အခြေအနေနှစ်ခု)

948 44 3
                                    

Unicode

နောက်တစ်နေ့မနက်ရောက်တော့ လီရှောင်လုနိုးလာပြီး သူမတကိုယ်လုံးနာကျင်နေခဲ့တယ်။လီရှောင်လုသည် သူမမျက်လုံးများကို လက်တစ်ဖက်ဖြင့် ပွတ်သပ်ကြည့်သောအခါတွင် သူမဘေးတွင် ချောမောသောအမျိုးသားတစ်ဦး အိပ်ပျော်နေတာကို သတိထားမိသွားသည်။ထိုလူကိုသေချာကြည့်လိုက်တော့ ဇီဟန်ဖြစ်နေ၏။

ငါဘယ်ရောက်နေတာလဲ?သူကရောငါ့ဘေးမှာ ဘာလို့အိပ်နေတာလဲ?

မနေ့ညကအဖြစ်အပျက်အားလုံးဟာ သူမရဲ့ဦးနှောက်ထဲမှာ တစ်ခုပြီးတစ်ခုပေါ်လာသောကြောင့် မျက်လုံးပြူးသွားသည်။အိပ်ပျော်နေသောဇီဟန်မျက်နှာကိုကြည့်ရင်း လီရှောင်လုမျက်နှာတစ်ခုလုံးနီရဲလာတော့သည်။

ဇီဟန့်လက်တွေက သူမရဲ့ခါးမှာ တင်းတင်းကြပ်ကြပ်ဖက်ထားမှန်း သိလျုက်ရချိန်မှာတော့ သူမအိပ်ယာမှထဖို့ကြိုးစားခဲ့တယ်။သူ့ကိုမနှိုးဖို့ကြိုးစားရင်း ဇီဟန်ရဲ့မျက်နှာပေါ်ကအပြုံးတွေကို သတိမထားမိပဲသူမခါးပေါ်တွင်ရှိသောလက်ကို ခါးကနေဂရုတစိုက်ဖယ်ထုတ်လိုက်ပါတယ်။

ဇီဟန်သည် ရုတ်တရက်သူ့ခန္ဓာကိုယ်ကို လှန်လိုက်သောအခါ သူမလက်ကိုဖယ်လုနီးပါးဖြစ်သွား၏။
"ကိုယ်နဲ့အိပ်ပြီးမှ ထွက်ပြေးဖို့ကြိုးစားနေတာလား?"

လီရှောင်လု၏မျက်နှာသည် နီရဲလာပြီး ရှက်ရွံ့စွာခေါင်းယမ်းရင်း
"မ-မဟုတ်ပါဘူး"

"ဒါဆိုရင်?"

လီရှောင်လုသည် မနေ့ညကဖြစ်ပျက်ခဲ့သမျှ အဖြစ်အပျက်များကိုသာမက သူတို့နှစ်ယောက်ပြောခဲ့သော စကားများကိုပါမှတ်မိ၏။သူမတစ်လုံးမကျန်အကုန်လုံးကျု ကောင်းကောင်းမှတ်မိသည်။ဒါပေမဲ့ ဇီဟန်ရဲ့မျက်လုံးကိုစေချာမကြည့်ရဲ့သဖြင့် တခြားတနေရာသို့အကြည့်ပို့ထားရင်း
"အမ်...ဘာ-ဘာမှမဟုတ်ပါဘူး...ကျွန်မက...ဒီအတိုင်းပဲ...မနေ့ညက...ကြည့်စမ်း...ရှင်One night stand ကဘာလဲစဉ်းစားလို့ရမလားဟင်?"

"ဘာလဲ?" ဇီဟန်မျက်ခုံးပင့်ကာ မေးလိုက်သည်။သူ့အောက်က ချစ်စဖွယ် နီမြန်းနေတဲ့မျက်နှာလေးကို မြင်လိုက်ရတော့ သူထင်သလောက် သူမကိုနမ်းလိုက်သည်။ထို့ကြောင့် သူမပြောသမျှကို အလျင်စလိုကြားလိုက်ရသည်။

လျှို့ဝှက်အိမ်ထောင်ရေး-ဇနီးသည်၏ခင်ပွန်းဖြစ်သူအားလုယူခြင်း (Book 1) Completed Where stories live. Discover now