Story 6(Uni)

2K 92 1
                                    

ဖုန်းအဆက်မပြတ်မြည်နေတာကြောင့် လီရှောင်လု၏ အိပ်‌နေခြင်းသည်အနှောင့်အယှက်ဖြစ်လာ‌တော့သည်။
ချန်ယုဖန်ဆီမှဆက်တာမှန်းသိသောအခါ သူ(မ)ဖုန်းမကိုင်ခြင်ပေ။

ညည်းတွားရင်း သူမက "ဟယ်လိုချန်းယုဖန် .."

"ရှောင်လု၊မင်းအိပ်နေတာလား? ငါမင်းကိုနှောက်ယှက်သလိုဖြစ်သွားတာလား?" ဟု ချိုချိုသာသာ မေးလိုက်သည်။

"ဟမ်...." ရှောင်လုကပြောသည် ။

"အမ်... ရှောင်လု၊မင်း ငါ့အတွက် တစ်ခုခုလုပ်ပေးနိုင်မလား?" သူကမေးလိုက်တယ်။

"ဘာလဲ?" လီရှောင်လုက ယဉ်ကျေးစွာပြောလိုက်သည်။ သူနှင့်ရိုင်းရိုင်းစိုင်းစိုင်း ပြောဆိုချင်သော်လည်း မတတ်နိုင်ပေ။ သူသည် သူ(မ)ကို ချစ်ခဲ့မိသော်လည်း ရက်စက်စွာကြေကွဲနေချိန်တွင် သူမအကြောင်းကိုပင် မတွေးခဲ့မိပေ။

"ရိုလန်က သူ့ခြေကျင်းဝတ်နာ‌နေတာကွာ၊ဒီနေ့ audition‌ဖြေဖို့ သွားခြင်နေတာ။ အဲ့တာသူ(မ)အစား မင်းသွားလို့ရမလားလို့ ..."

လီရှောင်လုက "ချန်းယုဖန်၊ရှင်ကသူ(မ)ခြေကျင်း၀တ်နာနေတာကျသိတယ် ဒါပေမဲ့ငါလည်းနေမကောင်းဖြစ်နေတာလေ...ချန်းယုဖန် တစ်ခါတစ်လေကျရင်ငါတစ်ကယ်သိခြင်မိတယ် ရိုလန်ကရှင့်ကောင်မလေးလား? ဒါမှမဟုတ် ကျွန်မလား? "

ခနရပ်ပြီးနောက် သူက ရယ်မောရင်း "မင်းဘာတွေ  ပြောနေတာလဲရှောင်လု ၊ ဟုတ်ပါတယ် မင်းက ငါ့ရည်းစားပါငါမင်းကို ချစ်တယ်... မွ ... "

ရုတ်တရက် သူအော်လိုက်တယ်။
"ချန်းယုဖန် ရှင်အဆင်ပြေရဲ့လား?"

"ဟမ်... ငါအဆင်ပြေပါတယ်... ခြေထောက်နဲ့စားပွဲနဲ့တိုက်မိသွားလို့ပါ..." လို့ ပြောပြီး တစ်စုံတစ်ယောက်ရဲ့ ညည်းညူသံနဲ့အတူ ရုတ်တရတ် ညည်းညူသံတွေ ထွက်လာတယ်။

အသံကတိုးပေမယ့် လီရှောင်လုကတော့ ရှင်းရှင်းလင်းလင်း ကြားလိုက်ရတယ်။ သူဘာလုပ်နေလဲဆိုတာရုတ်တရက်သူနားလည်သွားတယ်။ ရွံရှာသွားသလိုဖြစ်ကာ လီရှောင်လုသည် အပေါ့သွားချင်လာသည်။

"ရှောင်လု၊မင်းကို ငါ ဂရုစိုက်တယ်ဆိုတာ မင်းသိပါတယ်။ မင်းကမင်းသမီးဖြစ်ချင်တာကို ငါသိတယ် ဒါပေမယ့် မင်းမိဘတွေက ခွင့်မပြုဘူး။ မင်းသိတယ်မလား ငါဒီနည်းလမ်းကို မင်းအတွက်စဉ်းစားခဲ့တာ မင်းသိတယ်၊
အနည်းဆုံး မင်းသရုပ်ဆောင်နိုင်ခဲ့တယ်.... ဒါဆိုရင် audition‌ဖြေဖို့မင်းသွားမယ်မလား?" ဟု မေးသည်။

လျှို့ဝှက်အိမ်ထောင်ရေး-ဇနီးသည်၏ခင်ပွန်းဖြစ်သူအားလုယူခြင်း (Book 1) Completed Where stories live. Discover now