Story 17( ငါ့ရဲ့မိန်းကလေးနဲ့တွေ့မယ် )

475 3 0
                                    

Zawgyi

ကျန်းစံအိမ်တွင်....

ဟုယွီထန်သည်ဆိုဖာပေါ်တွင်ဘုရင်ကဲ့သို့ထိုင်နေသော သူ၏အချစ်ဆုံးသူငယ်ချင်းဖြစ်သူကိုကြည့်ရင်းခေါင်းခါလိုက်သည်။ဒီနတ်ဆိုးကငါ့ကိုဘာလို့ထပ်ပြီးနှိပ်စက်နေတာလဲ?

လက်ထဲတွင်ဝတ်စုံအချို့အားကိုင်ထားပြီး တုန်တုန်ရီရီဖြစ်နေသောဒီဖိုင်နာအချို့အားသူတွေ့လိုက်၏။အကြိမ်များစွာသူ့ဖက်သို့ကြည့်ကာ
မျက်နှာငယ်လေးဖြင့် အကူအညီတောင်းနေ‌သည်။

ခိုကိုးရာမဲ့ကာခေါင်းခါယမ်းရင်း သူတို့ရဲ့ ညံ့ဖျင်းတဲ့အခြေအနေကို ကြည့်တယ်။ဘယ်သူ့အခြေအနေကပိုဆိုးလဲ?ထိုသူများကသူ့၏အခြေအနေထက်အများကြီးပိုဆိုးနေသည်။

နတ်ဆိုး၏ခေါ်သံကိုကြားသောအခါ သူ(ဟုယွီထန်)သည်အလွန်အရေးကြီးသောအစည်းအဝေးကြီးရှိနေတာကို သတိရလိုက်သည်။
"ပြန်လာခဲ့"

ဟုယွီထန်သည်သူ့ထိုင်ခုံမှထကာ အစည်းအဝေးတစ်ခုလုံးအားရပ်လိုက်ပြီး အချိန်ပြန်ညှိလိုက်၏။အရေးကြီးသည့်ကိစ္စတစ်ခုဖြစ်တော့မည်ဟုတွေးကာ'ကျန်း'စံအိမ်သို့အပြေးအလွှားသွားကာ‌ ဇီဟန်နှင်ကြောက်ရွံ့တုန်လှုပ်နေသောဒီဇိုင်နာအချို့ကိုတွေ့လိုက်ရသည်။

ဟုယွီထန်ကရှိနေကြောင်းအရိပ်အယောင်ပြကာ
"ဇီဟန်... ငါတို့ဒီမှာထိုင်နေတာသုံးနာရီလောက်ရှိပြီ။မင်းကြိုက်တဲ့ဝတ်စုံတစ်ထည်တောင်မရှိဘူးလား?"

ဇီဟန်က၀တ်စုံများကိုအေးစက်စွာကြည့်ရင်း
"မကြိုက်ဘူး..."

ဟုယွီထန်သည်ဒီဖိုင်နာများအားသနားမိသွားသည်။သူတို့အားလုံးသည် ထိပ်တန်းဒီဇိုင်နာများဖြစ်ကြပြီး သူတို့ထံမှအ၀တ်အစားတစ်ထည်ကိုပင် အလွန်အဖိုးတန်သည်ဟုယူဆလို့ရပေသည်။

ဒါပေမယ့်ဇီဟန်၏မျက်လုံးထဲမှာတော့ သူတို့အားလုံးဆိုးရွားနေခဲ့တယ်။သူလည်းအပြာရောင်suitအားပြလိုက်ပြီး
"ဒီတစ်ခုရောဘယ်လိုလဲ?"

ဇီဟန်:"မကြိုက်ဘူး"

"ဒါဆိုရက်မီးခိုးရောင်လေးရော?"

"မဟုတ်‌ဘူး..."

"ဒီအပြာရောင်လေး ကောင်းတယ်.. ဒီအရောင်က မင်းကိုကြည့်ကောင်းလိမ့်မယ်..."

လျှို့ဝှက်အိမ်ထောင်ရေး-ဇနီးသည်၏ခင်ပွန်းဖြစ်သူအားလုယူခြင်း (Book 1) Completed Where stories live. Discover now