story 57(နင်ကငါ့ကိုစိန်ခေါ်နေတာလား)

869 44 1
                                    

Unicode

လီရှောင်လုရဲ့မေးခွန်းကိုကြားသောအခါ လီယူဘင်သည် သူမကိုမေးရန်အနည်းငယ် ချီတုံချတုံဖြစ်နေခဲ့သည်။သူ့အတွက်တော့ လီရှောင်လုဟာစစ်တုရင်အပိုင်းအစဖြစ်ပြီး ဒီအပိုင်းကိုသူလက်လွတ်မခံခြင်ပေ။

စောစောတုန်းက သူမရဲ့ရဲရင့်တဲ့စကားလုံးတွေကို တွေးကြည်ရုံနဲ့ သူမကိုဒီထက်ပိုပြီး စိတ်ဆိုးအောင်မလုပ်ခြင်ဘူး။သူမရဲ့စိတ်ခံစားချက်ကို လှုံ့ဆော်ပေးနိုင်တဲ့ တစ်စုံတစ်ခုကိုမပြောခြင်ပဲ သူမကိုနောက်ပိုင်းတွင် သူမထိန်းနိုင်‌တော့သည့် အရာတစ်ခုကိုလုပ်လိုက်မိသည်။

"ရှောင်လု၊သမီးဘာလို့ဒီလိုလုပ်ရတာလဲ?အဖေ့ဆုံးဖြတ်ချက်ကို ဘာလို့ဆန့်ကျင်တာလဲ?"လို့နူးညံ့ပြီးသဘောထားပြည့်၀သောဖခင်လေသံဖြင့် အသေအချာမေးလိုက်သည်။

"ဒီလောက်ပြင်းထန်တဲ့ တုံ့ပြန်မှုတွေကို ယောက်ျားလေးတွေအတွက် ငါဘာလုပ်ခဲ့တာလဲ?"လီရှောင်လုက အပြစ်ကင်းစွာ မေးလိုက်သည်။

သူ့အဖေကလီရှောင်လုကို ယဉ်ကျေးစွာ ပြောဆိုနေတာကိုမြင်တော့ လီရိုလန်က ဒါကိုသည်းညီးမခံနိုင်ဘူး။သူမသည် ထိုခွေးမကိုလှမ်းအော်ရင်း ချစ်စရာကောင်းလွန်းလှသည်။သူမငြိမ်သက်သွားသည်။

"နင်အခုကြိုးစားနေတာလား?ရှောင်လု၊နင်၀န်ခံလိုက်ရုံပါပဲ..နင်အခုငါတို့ကို ပုန်ကန်ဖို့ကြိုးစားနေတာပဲ...နင်လိုခြင်တာ"သူမစကားစမပြီးခင်မှာ သူ့အဖေရဲ့ သေမင်းတမန် အလင်းတန်းတွေကို သူမ သတိထားမိပြီး ချက်ချင်းရပ်လိုက်တယ်။

"ပုန်ကန်တယ်?ငါနားမလည်ဘူး။ရိုလန်ကလွဲလို့ တစ်ယောက်ယောက်က ဘာဖြစ်နေတယ်ဆိုတာ ရှင်းပြပေးလို့ရမလား?"လီရှောင်လုက သူ့အဖေကိုကြည့်ရင်းမေးလိုက်သည်။

လီယူဘင်သက်ပြင်းထပ်ချလိုက်သည်။သူဒီdramaတွေကိုကြည့်ရင်း ခေါင်းကိုက်နေပြီ။ဒါ‌့ကြောင့်TVကိုညွှန်ပြရင်း
"ဒါကဘာအဓိပ္ပါယ်လဲရှောင်လု?"

လီရှောင်လုသည် TVဘက်သို့လှည့်ကာ သတင်းကိုကြည့်ရင်း ပြုံးပြလိုက်သည်။ သူမရဲ့အပြုံးတွေကို ဖုံးကွယ်ရင်းစိတ်လှုပ်ရှားစွာနဲ့ "အိုး.. ဘုရားသခင်...သမီးမေ့လုနီးပါးပါပဲ။ဒါကအဖေတို့အတွက် အံ့သြစရာပဲ...တစ်စက္ကန့်လောက်စောင့်ပါ" လို့ သူမကခပ်တိုးတိုးအော်ပြောရင်း "ရိုလန်က ငါ့ကိုဒီလိုစွပ်စွဲနေတာလား?ဒီကိစ္စအတွက်နဲ့?"

လျှို့ဝှက်အိမ်ထောင်ရေး-ဇနီးသည်၏ခင်ပွန်းဖြစ်သူအားလုယူခြင်း (Book 1) Completed Where stories live. Discover now