story 71(လက်ထပ်ပြီးပြီ)

1.1K 51 1
                                    

Unicode

ဟမ်?မြို့ပြရေးရာဗျူရို?သူတို့အခုလက်ထပ်နေကြပြီ...

"ဒီနေ့?"လီရှောင်လုအံ့ဩစွာမေးလိုက်တယ်။

"ဟုတ်တယ်လေ..."ဇီဟန်ကသူမလက်ကိုကိုင်ရင်း ပြုံးလိုက်သည်။ကားထဲတွင် လက်ထောက်ချူရှိနှင့်နေပြီသားဖြစ်သည်။ဇီဟန်ကလီရှောင်လုတစ်ယောက် အရာအားလုံးဆန်းကြယ်တယ်လို့ ထင်နေချိန်မှာပဲ ဇီဟန်ကသူ့ကို ညွှန်ကြားချက်တချို့ပေးခဲ့တယ်။

မြို့ပြရေးရာငှာနကို သွားရာလမ်းတစ်လျှောက်တွင် လီရှောင်လုအံ့ဩနေမိသည်။သူမလက်ထပ်ဖြစ်မယ်လို့ လီရှောင်လုဘယ်တော့မှ မတွေးမိပေ။

မြို့ပြရေးရာဗျူရိုသို့ရောက်သောအခါ~~~

VIPအခန်းထဲတွင် ၀န်ထမ်းတစ်ဦးက သူတို့ရဲ့အနီရောင်လက်ထပ်မှတ်ပုံတင်စာအုပ်ကို ချပေးလိုက်သည်။

လက်ထပ်စာအုပ်ကိုကိုင်ရင်း လီရှောင်လုမယုံကြည်နိုင်သောကြောင့် မေးလိုက်၏။
"ဒါက..ကျွန်မတို့လက်ထပ်ပြီးပြီပေါ့?"

"ဟုတ်တယ်..."ဇီဟန်ကပြုံးပြီး သူ့လက်ထဲမှာ စာအုပ်တွေကိုကိုင်ထားလိုက်သည်။နောက်ဆုံးတော့ ငါလက်ထပ်လိုက်ပြီ!!ဇီဟန်သည်အလွန်စိတ်ကြည်နေသည်။သူ့ဘေးနား၌ရှိနေသော လှပ‌တဲ့အမျိုးသမီးလေးက သူ့မိန်းမပါလို့ တစ်လောကလုံးကို ကြွားပစ်လိုက်ခြင်သည်။

"သူဌေးရဲ့လက်ထပ်ပွဲအတွက် ဂုဏ်ယူပါတယ်"လက်ထောက်ရိဟုန်က သူတို့စုံတွဲကို ပြုံးကာပြောလိုက်သည်။‌တစ်နေ့မှာ ဒီလိုအေးတိအေးစက်မျက်နှာနဲ့ ရေခဲတုံးကြီးက အခုလိုလက်ထပ်ပြီး ပြုံးပျော်နေလိမ့်မယ်လို့ သူမယုံနိုင်သေပေ။

ရှောင်လုရဲ့လက်ကို ညင်သာစွာ ဆုပ်ကိုင်ရင်း ဇီဟန်ကသူမကို ကားထဲသို့ခေါ်သွားခဲ့သည်။
"ဇီဟန်၊ကျွန်မကိုအမယန်မီရဲ့နေရာမှာ ချထားပေးခဲ့လို့ရမလား?"

"အမ်...မင်းအခုသွားရမှာလား?"ဇီဟန်ကနှုတ်ခမ်းစူပြီး မေးလိုက်တယ်။နောက်ဆုံးတော့ သူတို့လက်ထပ်ပြီးပြီပဲ ပြီးတော့ သူမကသူ့ကိုအခုတည်းက ထားသွားပါပြီ။သူကသာ သူမလေးနဲ့ အချိန်တွေ အတူကုန်ဆုံးခြင်နေသည်။

လျှို့ဝှက်အိမ်ထောင်ရေး-ဇနီးသည်၏ခင်ပွန်းဖြစ်သူအားလုယူခြင်း (Book 1) Completed Where stories live. Discover now