Story 11(Zawgyi)

562 4 0
                                    

"အစ်မ‌ယောကျာ်းလေးသူငယ်ချင်းထဲမှာ သူ့ကောင်လေးနဲ့တွဲနေတဲ့သူရှိတယ်။သူ့ဆီကနေအစ်မတို့အကြံလေးဘာလေးတောင်းပြီး အစ်မတို့Bossကိုသွားပြောပြသင့်တယ်လို့ ရှောင်လုထင်လား?အဲ့လိုဆိုBossပျော်သွားပြီး အစ်မ‌တော့Bonusပေးလိမ့်မယ်.. "ယန်မီသည် သူ(မ)၏Bossဖြစ်သူအားဘယ်လိုကူညီရင်ကောင်းမလဲ အတွေးမျိုးစုံနှင့်ရှောင်လုအားပြောပြနေတော့သည်။

လီရှောင်လုကပြုံးပြီး
"ဒီအကြံကောင်းတယ်အစ်မယန်မီ...ညီမတို့ CEOကျန်းနဲ့Bossတို့ အချစ်ရေးကိုကူညီသင့်တယ်... ပြီးတော့အစ်မbonusရရင် ညီမကိုခေါ်ဖို့မမေ့သွားနဲ့နော်... "

Boss office....

ဟုယွီထန်တစ်ယောက် သူ၏ရုံးခန်းထဲတွင် မှုန်ကုပ်ကုပ်နှင့်ထိုင်နေတယ်။ကျန်းဇီဟန်နှင့်အခုချိန်စကားပြောရမှာကိုသူတစ်ကယ်ကြောက်နေပေမယ့် အကြောင်းအရာတစ်ခုအားတွေးမိလိုက်သောအခါ သူထရီမိသွားသည်။

ဟုယွီထန်ကိုယ့်ကိုကိုယ်အားပေးရင်း
"ဇီဟန်... ဟားဟား... မင်းရဲ့မိန်းကလေးကမင်းကိုgayလို့ထင်နေတယ်... Haha ... အခုမင်းသူ(မ)ကိုဘယ်လိုတရားစွဲမှာလဲ?...haha... ""

ဇီဟန်:"ငါမင်း‌ဆီကို တစ်ကယ်လာလည်ဖို့လိုနေပြီပဲ..."

"ဟီးဟီး.. မလိုပါဘူး... ငါမင်းကိုစလိုက်တာပါဇီဟန်ရ... "

" သူ(မ)ကိုဘယ်အချိန်မင်းလာတွေ့မှာလဲဇီဟန်?"
ဟုယွီထန်မျက်ခုံးတွန့်ကာမေးလိုက်သည်။

"သိပ်မကြာခင်"

"အိုကေ..." ဟုယွီထန်ပြန်ဖြေလိုက်သည်။

"ဂရုစိုက်ဦး... "

ဟုယွီထန်၏မျက်နှာတွင်အပြုံးတစ်ပွင့်ပေါ်လာ၏။ဒီနတ်ဆိုးက အခုတော့အသိတရားအချို့ရသွားပြီပဲ။
"ဇီဟန်... နောက်ဆုံးတော့မင်းငါ့ကို ဘယ်လိုဂရုစိုက်ရမလဲ သိသွားပြီပဲ၊ငါအရမ်းဝမ်းသာလိုက်တာ၊မင်းကငါ့အတွက်အကောင်းဆုံးပဲ"ဟုယွီထန်ငိုသံဖြင့်ပြောလိုက်တယ်။

"မင်းကိုပြောတာမဟုတ်ဘူး... သု(မ)ကိုဂရုစိုက်ခိုင်းတာ"

ဟမ်?ဟုယွီထန်၏မျက်နှာပေါ်တွင် ၀မ်းနည်းနေသည့်အကြည့်ပေါ်လာသည်။ငါခုနကပြောတာတွေအကုန်ပြန်ရုတ်သိမ်းတယ်။ဒီနတ်ဆိုးကသူ့အပေါ်ဆိုမကောင်းဘူး၊သူကလီရှောင်လုကိုဂရုစိုက်ဖို့ပြောတာပဲ... "
မျက်မှောင်ကြုတ်ရင်းသူပြောလိုက်သည်။
"ဇီဟန်၊မင်းရဲ့တစ်ဦးတည်းသောသူငယ်ချင်းကိုရော ဘာပြောခြင်လဲ?လီရှောင်လုကိုလိုက်မယ့်နေရာမှာတော့ ငါမင်းကိုမကူညီနိုင်ဘူးနော်... "

လျှို့ဝှက်အိမ်ထောင်ရေး-ဇနီးသည်၏ခင်ပွန်းဖြစ်သူအားလုယူခြင်း (Book 1) Completed Where stories live. Discover now