Story 21( လီမိသားစု၏သမီးကြီး )

570 8 0
                                    

Zawgyi

"သူတို့ကကျွန်မရဲ့မိဘတွေပါ။ရှင်တို့အားလုံး သူတို့အကြောင်းပြောပိုင်ခွင့်မရှိဘူး။"

"ဘာတြွေဖစ်ကုန်တာလဲမစ္စတာလီ?ဒီမိန်းကလေးကဘာတွေပြောနေတာလဲ?"လို့တစ်ယောက်ယောက်ကမေးလိုက်သည်။

"အားလုံးပဲရှင့်... ကျွန်မကလီမိသားစုရဲ့သမီးကြီးလီရှောင်လုပါ။ရိုလန်နဲ့ရိဖန်ရဲ့အစ်မပါ။"

လူတိုင်း၏မျက်လုံးများပြူးကျယ်သွားကာ လီရှောင်လုနှင့်လီစုံတွဲကို ထိတ်လန့်စွာကြည့်လိုက်ကြသည်။

လီရှောင်လုသည် သူ(မ)အဖေကိုတောင်းပန်တဲ့မျက်နှာဖြင့်ကြည့်လိုက်ကာ
"သမီးတောင်းပန်ပါတယ်ဖေဖေ ဒါပေမဲ့သမီးရဲ့တည်ရှိမှုကိုဖော်ထုတ်မှရမယ်။သူတို့တွေစော်ကားတာကိုသမီးသည်းမခံနိုင်တော့ဘူး။အဓိကကတော့သမီးမိဘတွေကိုစော်ကားနေလို့ပဲ... "

"ဖေဖေ၊သမီးက ဖေဖေတို့ရဲ့အကြီးဆုံးသမီးပဲလို့ လူတိုင်းကို ပြောပြသင့်တယ်လို့ သမီးထင်တယ်။ရိုလန်နဲ့ရိဖန်ကိုလည်းသမီးကူညီခဲ့တာပဲလေ... "

လီရှောင်လုစကားဆုံးအောင်မပြောရသေးခင်လီယူဘင်ကဖြတ်ပြောလိုက်၏။
"သူ(မ)အမှန်အတိုင်းပြောနေတာပါ။သူ(မ)ကျွန်တော်တို့ရဲ့သမီးကြီးလီရှောင်လုပါ။သူ(လီယူဘင်)သည် သူ(မ)၏တည်ရှိမှုကို ဖော်ထုတ်မှရမည်။မဟုတ်ရင်ဒီကလမက ရိုလန်နဲ့ရိဖန်တို့ရဲ့ကိစ္စအားလုံးကိုဖော်ထုတ်လိုက်ရက် အရာအားလုံးပျက်ဆီးသွားမည်ကို သူစိုးရိမ်မိသည်။

လီရှောင်လုအားမိတ်ဆက်ပေးချိန်တွင် သူ၏စိတ်ထဲတွင်ကမောက်ကမဖြစ်နေတယ် သူ(မ)ဘာလို့ဒီကိုရောက်လာတာလဲ?ဒီမိဘမဲ့မျိုးမစစ်လေးကထွက်သွားပြီးပြီမဟုတ်ဘူးလား?အခုတော့ ဘာလို့အရာအားလုံးပြောင်းလဲကုန်တာလဲ?

လီစုံတွဲသည် နှလုံးသားထဲတွင် ဒေါသအရမ်းထွက်နေသော်လည်း သူတို့၏မျက်နှာတွင် ချစ်စရာကောင်းသောအပြုံးတစ်ခုရှိသည်။လီယူဘင်၏စကားကြောင့် လူတိုင်းအံ့ဩတုန်လှုပ်သွားတယ်။

သူတို့အားလုံးသည် လီမိသားစုရဲ့ပါတီပွဲလာပြီး သူတို့အိမ်ရဲ့သမီးကြီးကို သူတို့အိမ်မှာပင်ဆဲဆိုပြောဆိုနေခဲ့သည်။သူတို့ဘာလုပ်လိုက်တာလဲ? ကိုယ့်သင်္ချိုင်းကို တူးတာနဲ့တူတယ်မဟုတ်လား??...

လျှို့ဝှက်အိမ်ထောင်ရေး-ဇနီးသည်၏ခင်ပွန်းဖြစ်သူအားလုယူခြင်း (Book 1) Completed Where stories live. Discover now