story 36(ချစ်ရမှာကြောက်တယ်)

1.1K 52 2
                                    

Unicode

စီးအီးအိုကျန်း မင်းနဲ့တူတယ်။

အကြောင်းတစ်ခုခုကြောင့် ထိုစကားဟာ သူမနှလုံးသားအတုန်လှုပ်သွားစေခဲ့သည်။လီရှောင်လုကသူတို့ရဲ့အပြန်အလှန်တုံ့ပြန်မှုအားလုံးကိုတွေးပြီးအော်ဟစ်လိုက်တယ်။
"ဒါမဖြစ်နိုင်ပါဘူးအမယန်မီ၊အမအထင်ကြီးလွန်းနေတာ... "

" ရှောင်လုလို့မထင်ဘူးယ"
ယန်မီကခေါင်းယမ်းရင်းပြောလိုက်တယ်။
"ငါမြင်ဖူးသမျှထဲမှာ နင့်ကိုကြိုက်တယ်လို့ထင်တယ်။ပိုလို့တောင်ကောင်းသေးတယ်။"

ယန်မီ၏ မျက်နှာပေါ်တွင် ယုံကြည်မှုအပြည့်ရှိသောအကြည့်ကို မြင်လိုက်ရတော့ သူမအနည်းငယ်တင်းမာသွားသလို ခံစားလိုက်ရကာ "အမယန်မီ၊ဘာလို့ ဒီလောက်တောင် သေချာနေတာလဲ?သူ့ပတ်ဝန်းကျင်မှာ ထူးချွန်ထက်မြက်တဲ့ မိန်းမတွေအများကြီးရှိနေတယ်... သူကငါ့ကို ကြိုက်မယ်လို့ထင်လား?"

"ရှောင်လု၊စီးအီးအိုကျန်းက တစ်ယောက်ယောက်အတွက် ပြုံးပြတာကို တစ်ခါမှမမြင်ဖူးဘူး။ သူက လူတွေအပေါ် အရမ်းအေးတိအေးစက်ဆက်ဆံတယ်။ နောက်ပြီးသူက mysophobic ဖြစ်တယ်။ဒါပေမယ့်နင်နဲ့ကအရမ်းကွာတယ်... " ယန်မီပြုံးလိုက်သည်။

"သူကဘယ်တုန်းကမှ ရည်းစားမထားဖူးသလို ဘယ်မိန်းမနဲ့မှလည်း အဆက်အသွယ်လည်း မရှိခဲ့ဘူး..... နင်ပြောသလိုပဲ သူ့ပတ်ဝန်းကျင်မှာမိန်းမကောင်းတွေ အများကြီးရှိနေရင် အခုချိန်ထိသူဘာလို့ လူပျိုကြီးဖြစ်မှာတုန်းဟ... "

လီရှောင်လုလဲပခုံးတွန့်လိုက်ပြီး
"ဒါပေမယ့် အဲ့အချက်တွေကြောင့်နဲ့ပဲသူကညီမကိုကြိုက်တာလို့မဆိုလိုနိုင်ဘူးလေ။"

"ရှောင်လု၊ငါသူ့မျက်လုံးထဲကအရိပ်အယောင်တစ်ချို့ကို ငမြင်လိုက်ရတယ်။"ယန်မီက " နောက်တစ်ကြိမ် သူနင်နဲ့အတူရှိနေချိန် သူ့မျက်လုံးကိုတစ်ချက်ကြည့်လိုက်ရုံပဲ။အဲ့ကျရင်ညီမ‌လည်းတွေ့လိမ့်မယ်.... "

လီရှောင်လုက ငြင်းလိုက်သည်။ "မဟုတ်ဘူးအမယန်မီ၊ညီမချစ်လည်းမချစ်ခြင်သလို သူ့မျက်လုံးထဲကအရိပ်အယောင်တွေကိုလည်း မမြင်ခြင်ဘူး...။ သူက အရှက်မရှိ၊ဖောက်ပြန်တတ်တဲ့လူလို့ပဲထင်တယ်!!"

လျှို့ဝှက်အိမ်ထောင်ရေး-ဇနီးသည်၏ခင်ပွန်းဖြစ်သူအားလုယူခြင်း (Book 1) Completed Where stories live. Discover now