Story 7(Uni)

1.9K 105 1
                                    

ညနေခင်းပိုင်းတွင် လီရှောင်လုသည် အိပ်ယာမှထကာမှန်ရှိရာသို့လျှောက်သွားသည်။သူ(မ)ကိုယ်သူ(မ)သေချာကြည့်နေရင်း လီရှောင်လုက

သူ(မ)၏ဖြူဖျော့သော အသားအရည်နှင့် အဝတ်အစားများကို ကြည့်လိုက်သည်။သူ(မ)သည်လှပပြီးရုပ်ရည်ချောမောသည်ကိုသိသော်လည်း သူ(မ)၏အလှအပကိုဖုံးကွယ်ထားရန် သူမ၏အမေစကားကိုနားထောင်ခဲ့သည်။

ဘာပဲဖြစ်ဖြစ် လူတစ်ယောက်ရဲ့ အလှကို ဘယ်တော့မှ ဖုံးကွယ်ထားလို့ မရဘူးလို့ ဆိုကြပါတယ်။ ဒါပေမယ့်လီ‌ေရှာင်လုကတော့ သူ(မ)ကို လှပ‌သောအ၀တ်အစားကို ၀တ်ဆင်ထားပါတယ်။လီရိုလန်သည် သူ(မ)ကို မနာလိုကြောင်း သူ(မ)ဘယ်တုန်းကမှ မသိခဲ့ပါ။

ဒါပေမယ့် အခုအချိန်ဟာ အရာအားလုံးကို ပြောင်းလဲဖို့ အချိန်တန်ပါပြီ။ သူ(မ)သည် ပေါ့ပေါ့ပါးပါး ပန်းနုရောင် ဒူးအရှည်ဂါဝန်ကိုထုတ်ကာ ရှုပ်ပွနေသော  ဆံပင်ကို ponytails ပုံစံချည်ထားသည်။ သူ(မ)ကိုကြည့်ရတာ ချစ်စရာကောင်းပြီး ငယ်ရွယ်သူတစ်ဦးပုံစံပေါ်သွား၏။

ဒီလိုပါပဲ... လီရှောင်လုက မှန်ကိုကြည့်ရင်း သူ့ကိုယ်သူ ချီးကျူးလိုက်‌တယ်။သူ(မ)သည်လိုအပ်သောစာရွက်စာတန်းများကို ကိုင်လိုက်ပြီး ပိုက်ဆံအိတ်ထဲသို့ထည့်လိုက်တယ်။ပြီးသည်နှင့် 'Sunshine Cafe' ဆိုင်သို့ တက္ကစီတစ်စီး လှမ်းခေါ်ကာသွား‌လေသည်။

ဆိုင်သို့ရောက်သည်နှင့် သူ(မ)သည် ကော်ဖီဆိုင်၏ထောင့်ဆုံးဝိုင်းမှာ ထိုင်ပြီး ကော်ဖီသောက်ဖို့ ပြင်လိုက်သည်။ လီရှောင်လုသည် အနည်းငယ်တုန်လှုပ်သွားသည်။ ဒါကသူ(မ)အတွက် တစ်ခုတည်းသော အခွင့်အရေးပဲ... သူ(မ)ကို ဆွဲဆောင်နိုင်ရင် ကောင်းလိမ့်မယ်။

သူမခွက်ထဲမှ တစ်ခွက်ကို ယူလိုက်ပြီး တံခါးဘက်သို့ မျက်မှောင်ကြုတ်ကာ ကြည့်လိုက်သည်။ သူ(မ)ဒီမှာရှိမနေသင့်ဘူးလား? အချိန်နီးနေပြီလေ.....

ရုတ်တရက်တံခါးပွင့်လာပြီး အမျိုးသမီးငယ်တစ်ယောက် ဝင်လာသည်။သူမထိုင်ပြီး စားပွဲထိုးကို အမိန့်ပေးလိုက်သည်။ လီရှောင်လုက ယန်မီကို ကြည့်ကာ ပြုံးလိုက်သည်။

လျှို့ဝှက်အိမ်ထောင်ရေး-ဇနီးသည်၏ခင်ပွန်းဖြစ်သူအားလုယူခြင်း (Book 1) Completed Where stories live. Discover now