"အရမ်းလှတာပဲ..."
လီရှောင်လု သည် သူမ၏ မင်္ဂလာဝတ်စုံကို သေချာကြည့်ရင်း သူမရဲ့ချောမောလှပသောမျက်နှာပေါ်တွင် တောက်ပသောအပြုံးတစ်ပွင့်ပေါ်လာတော့သည်။ ဒီဝတ်စုံဟာ သူမရဲ့ လက်ရာပင်ဖြစ်သည်။ သူမဖန်တီးဖူးသမျှ အလှဆုံးဝတ်စုံဟုပင်ဆိုရမည်။ ဒီမင်္ဂလာဝတ်စုံက သူမရဲ့ နှလုံးသားနဲ့ ဝိညာဉ်ပါပဲ။ ဒီနေ့မှာတော့ သူမဟာ သူနှင့်စေ့စပ်ထားသူ ချန်းယုဖန် နဲ့ လက်ထပ်ခဲ့ပါတယ်။
သူမတို့နှစ်ယောက်ဟာ ချစ်သူသက်တမ်း လေးနှစ်ကျော်ရှိနေပြီဖြစ်ပါတယ်။ ဒီနေ့တော့ နောက်ဆုံးမှာသူမျှော်လင့်ထားသလို သူ့မိန်းမဖြစ်တော့မယ်။ ဤနေ့သည် သူမဘဝ၏ အဓိကအကျဆုံးနေ့ဖြစ်သည်။ အဲ့ဒါက သူမရဲ့ အိမ်မက်တွေ တကယ်ဖြစ်လာခဲ့တယ်။ သူမရဲ့မင်္ဂလာပွဲအပြီးမှာတော့ သူမက လီ မိသားစုရဲ့ အကြီးဆုံးသမီးဖြစ်သလို နာမည်ကြီးဖက်ရှင်ဒီဇိုင်နာ LX အဖြစ် မိတ်ဆက်ပေးတော့မှာ ဖြစ်ပါတယ်။
တစ်ကမ္ဘာလုံးက သူမကို LXအဖြစ်မသိခဲ့ဘဲ ယနေ့မှာတော့သူမ အိပ်မက်မက်သမျှကို နောက်ဆုံးတွင် အောင်မြင်နိုင်တော့မည် ဖြစ်သည်။ နာမည်တစ်ခု၊ မှတ်တိုင်တစ်ခု၊ ချစ်လှစွာသောခင်ပွန်းနှင့်အတူခမ်းနား လှပသောမင်္ဂလာပွဲတစ်ခု၊ နောက်ဆုံးမှာတော့ သူမကို ဘယ်အရာကမျှ ချုပ်နှောင်မှုမရှိဘဲ လွတ်လွတ်လပ်လပ်နေနိုင်တော့မည်ဖြစ်သည်။ ဒီနေ့မှစပြီး သူမဟာ သူ့ဘဝရဲ့ ချစ်ရသောသူ ချန်းယုဖန် နဲ့အတူ သူမလိုချင်တဲ့ ဘဝတစ်ခုကို ဖြတ်သန်းသွားခဲ့တယ်။ ဖုံးကွယ်ထားစရာလည်း မလိုတော့ဘူး...
သူမ၏ လှပသော အိမ်မက်ထဲတွင် အလုပ်ရှုပ်နေသဖြင့် လီရှောင်လု သည် သူမ၏ ညီမလေး လီရိုန် နှင့် သူမ၏ အချစ်ဆုံးသူငယ်ချင်း မင်ရှုမင် အခန်းထဲသို့ ဝင်ရောက်လာသောအခါတွင် လီရှောင်လု ပင် သတိမထားမိခဲ့ပေ။ အသံကြောင့် ထိတ်လန့်သွားပြီး လီရှောင်လုတစ်ယောက် သူတို့ကို လှည့်ကြည့်ပြီး ပြုံးပြလိုက်သည်။"ညီမလေးရိုလန်နဲ့ ရှု့မင် နင်တို့ရောက်လာပြီပဲ၊ အမရဲ့မင်္ဂလာဆောင်ဝတ်စုံကို ကြည့်စမ်း၊ လှတယ်မဟုတ်လား?" လီရှောင်လုက သူမ၏ မင်္ဂလာဝတ်စုံဆီသို့ ညွှန်ပြရင်း မေးလိုက်သည်။
YOU ARE READING
လျှို့ဝှက်အိမ်ထောင်ရေး-ဇနီးသည်၏ခင်ပွန်းဖြစ်သူအားလုယူခြင်း (Book 1) Completed
Roman d'amourဇီဟန်-မင်းကငါနဲ့အတူအိပ်ပြီးတော့မှထွက်ပြေးဖို့လုပ်နေတာလား? ရှောင်လု-ရှင်ဒီကိစ္စကို One Night Stand အဖြစ်သဘောထားလိုက်လို့မရဘူးလား? ဇီဟန်-မင်းကိုယ့်ကိုတာ၀န်ယူရမယ် ရှောင်လု-ဘာကိုယူရမယ်? ဇီဟန်-ကိုယ့်ကိုလက်ထပ်ပါ... 📰 Secret marriage:Wife Spoiling husban...