story 35(ကောင်းကင်ဘုံ၌ပြုလုပ်သောပွဲစဉ်)

1.1K 68 0
                                    

Unicode

လီရှောင်လုရဲ့စကားကိုနားထောင်ရင်း ယန်မီတစ်ယောက်ဒေါသတကြီးဖြစ်သွားသည်။ရာရာစစငါ့ရဲ့သရုပ်ဆောင်ကို အခွင့်အရေးယူတဲ့တစ်ယောက်ရှိနေတယ်!!

"ဘယ်သူလဲ?ဘယ်သူကညီမကိုအခွင့်ကောင်းယူခြင်နေတာလဲ?အဲ့လူနာမည်ပြောပြ... ငါ့ရဲ့သရုပ်ဆောင်ကို ငါ့နှာခေါင်းအောက်မှာအရှက်မရှအနိုင်ကျင့်ဖို့ကြိုးစားနေတာဘယ်သူလဲ?"

လီရှောင်လုရဲ့ညှိုးငယ်နေသောမျက်နှာလေးကိုကြည့်ပြီးယန်မီဒေါသထွက်သွားတယ်။လီရှောင်လု၏ ပခုံးကို ပွတ်သပ်ရင်း သူမမေးလိုက်သည် ။စိတ်မဆိုးပါနဲ့ရှောင်လု.... ညီမလေးမှာ အမနဲ့ဘော့စ်ဟု ယက မင်းရဲ့ ကျောထောက်နောက်ခံအဖြစ်ရှိတယ်... ဒီ အရှက်မဲ့ပြီးဖောက်ပြန်တဲ့သူကဘယ်သူလဲ ပြောစမ်းပါ။သူ့ကိုသင်ခန်းစာကောင်းကောင်းပေးရမယ်။ငါ့အနုပညာရှင်ကို အနိုင်ကျင့်ဖို့ ကြိုးစားနေတာ.... ဟမ်!!!"

လီရှောင်လုသည် တံခါးခေါက်သံကြားသောအခါ ဇီဟန်၏နာမည်ကိုပြောပါတော့မည်။ "ဝင်ခဲ့ပါ....'' ယန်မီကပြောသည်။

တံခါးပွင့်လာပြီး ဇီဟန်သည် ဘုရင်တစ်ပါးလိုလျှောက်လာသည်။ သူ၏ ဩဇာအာဏာကြီးစိုးမှုနှင့်မြင့်မြတ်မှုအပြည့်ရှိသည်။အမယန်မှသည် သူမ၏ရုံးခန်းငယ်လေးတွင်နတ်ဘုရားအား တွေ့လိုက်ရတော့အံ့အားသင့်သွားသည်။

ကျန်းဇီဟန်၏ပုံပန်းသွင်ပြင်သည်လူကြိုက်များသောပုံစံဖြစ်သည်။သူသွားလေရာရာ၌ လူများကသူ့ကို ရိုသေသောမျက်လုံးဖြင့်ကြည့်နေကြသည်။ယန်မီသည်လည်းထိုလူတွေထဲကတစ်ပေါက်ပင်။

ဇီဟန်ကိုသူမရဲ့ရုံးခန်းမှာတွေ့လိုက်ရတော့ ယန်မီဟာသူမရဲ့ fan-mode ရှိနေပါပြီ။ ဇီဟန်ကို ကြယ်ပွင့်မျက်လုံးများဖြင့်ကြည့်လိုက်ရာ သူမသရုပ်ဆောင်ရဲ့ထူးဆန်းသော အပြုအမူကိုပင်သတိမထားမိပေ။

"မင်္ဂလာပါ ညီမလေးယန်မီ...." ဇီဟန်ပြုံးလိုက်သည်။ များသောအားဖြင့် သူကတခြားသူတွေကို သိပ်ယဉ်ကျေးလေ့မရှိပေမယ့် ယန်မီကိုတော့သူ့၏ညီမအရင်းသဖွယ်မှတ်ယူထားလို့  ညီမလို့ခေါ်တဲ့သူတစ်ယောက်ပါ။ဒါကြောင့်သူ့မှာအမူအရာ ကောင်းကောင်းရှိတယ်..။

လျှို့ဝှက်အိမ်ထောင်ရေး-ဇနီးသည်၏ခင်ပွန်းဖြစ်သူအားလုယူခြင်း (Book 1) Completed Where stories live. Discover now