Unicode
ထိုအချိန်မှစပြီးလီရိုလန်သည် သူမရဲ့အိမ်ထဲသို့၀င်သွားပြီး အိမ်ရှိလူများက သူမရဲ့ဒေါသနှင့် ရင်ဆိုင်နေကြရသည်။သူမသည်တွေ့သမျှပစ္စည်းများအား ပစ်ပေါက်ကာ တစ်အိမ်လုံးကိုအမှိုက်ပုံသဖွယ်ဖြစ်အောင် ဖျက်ဆီးပစ်နေ၏။
"သူမကဘယ်လိုတောင်သတ္တိရှိလဲ...သတ်ပစ်မယ်..."လို့သူ့အမေရဲ့အဖိုးတန်ရှေးဟောင်းပန်းအိုးတွေထဲကတစ်လုံးကို ပစ်ပေါက်ကာကျိန်ဆဲလိုက်သည်။
ပျက်စီးသံများ!!နောက်ထပ် ရှေးဟောင်းပစ္စည်းတွေကိုလည်း အခန်းထဲမှာ လွှင့်ပစ်လိုက်တယ်~~~~~
"ငါသူ့ကိုအေးဆေးနေခွင့်မပေးနိုင်ဘူး။သူ့အသက်ကို ငရဲကျစေရမယ်..."လို့ကျယ်ကျယ်လောင်လောင်ကျိန်ဆဲသံက ခန်းမထဲကအိမ်အကူတွေနဲ့ကျွန်တွေအားလုံးကို ထိတ်လန့်စေခဲ့ပါတယ်။
အိမ်စောင့်ရှူအပါအဝင် အစေခံအားလုံးသည် သူတို့ရဲ့သခင်မလေး၏ဒေါသကိုမြင်ကာ ကြောက်ရွံ့တုန်လှုပ်နေကြသည်။
စံအိမ်ထဲမှာတော့ သူတို့ငယ်ငယ်ကကိုယ့်ကိုကိုယ်မင်းမျိုးမင်းနွယ်လို ဆက်ဆံတဲ့ မာနကြီးတဲ့သူဆိုတာလူတိုင်းသိတယ်။အသံအားလုံးကိုကြားတော့ လီယူဘင်နဲ့သူ့မိန်းမယူရူရှီက လီရိုလန်ဒေါသထွက်ပြီး ပစ္စည်းများပစ်ပေါက်နေသည်ကို မြင်လိုက်ရတော့ အောက်ထပ်သို့အမြန်ဆင်းလာခဲ့သည်။
ပျက်ဆိးကျိုးပဲ့နေသောပစ္စည်းများကိုရှောင်ရင်း လီယူဘင်သည်သူ့၏အဖိုးတန်သမီးလေးဆီသို့ ဂရုတစိုက်လျှောက်သွားခဲ့သည်။
"ရိုလန်၊သမီးလေးဘာဖြစ်လို့လဲ?ဖေဖေ့ကိုပြော... ဘာတွေဒေါသဖြစ်နေတာလဲ?ချန်းယုဖန်ကမင်းကိုတစ်ခုခုလုပ်လို့လား?"သူ့သမီးဒီလိုမျိုးတစ်ခါမှမမြင်ဖူးပေ။ဘာဖြစ်သွားတာလဲ?ဒီနေ့ဖွင့်ပွဲအခမ်းအနားရှိတာကို သူသိတယ်... ဆိုတော့သူမဖြစ်နေတာ အဲ့ဒါနဲ့ပက်သက်လို့များလား?
"ဖွင့်ပွဲအခမ်းအနားမှာ တစ်ခုခုဖြစ်ခဲ့လို့လားရိုလန်"ယုရူရှီကသူ့သမီးကို စိုးရိမ်တကြီးမေးလိုက်သည်။
YOU ARE READING
လျှို့ဝှက်အိမ်ထောင်ရေး-ဇနီးသည်၏ခင်ပွန်းဖြစ်သူအားလုယူခြင်း (Book 1) Completed
Romanceဇီဟန်-မင်းကငါနဲ့အတူအိပ်ပြီးတော့မှထွက်ပြေးဖို့လုပ်နေတာလား? ရှောင်လု-ရှင်ဒီကိစ္စကို One Night Stand အဖြစ်သဘောထားလိုက်လို့မရဘူးလား? ဇီဟန်-မင်းကိုယ့်ကိုတာ၀န်ယူရမယ် ရှောင်လု-ဘာကိုယူရမယ်? ဇီဟန်-ကိုယ့်ကိုလက်ထပ်ပါ... 📰 Secret marriage:Wife Spoiling husban...