story 3+4

1.2K 35 3
                                    

Unicode

အပိုင်း ၃+၄[ ဒါသွေးတွေလား? ]

အခန်းထဲကထွက်လာတော့ လီရှောင်လုဟာ သူမကိုယ်သူမ စိတ်တည်ငြိမ်အောင် အသက်ပြင်းပြင်းရှူထုတ်လိုက်တယ်။ဘုရားသခင်...‌နောက်တစ်ခါ ဒီလိုဆိုးရွားတဲ့ အဖြစ်အပျက်မျိုး...

သူမအခုရေချိုးနေရသလို ခံစားရသည်။ချန်းယုဖန်ရဲ့ နာကျင်စွာညည်းတွားနေသောအသံကိုကြားတော့ သူမပြုံးလိုက်မိတယ်။အနည်းဆုံးတော့ အဲ့လူငါနဲ့ ခပ်ဝေးဝေးမှာ နေသင့်တယ်။

လီရှောင်လုသည် သူမရဲ့ထိုင်ခုံချထားရာနေရာသို့ ပြန်လှည့်ကာ ဘာမှမဖြစ်ခဲ့သလိုပင် တည်တည်ငြိမ်ငြိမ်ထိုင်လိုက်သည်။ခနအကြာတွင် ချန်းယုဖန်သည် သူမကိုစိုက်ကြည့်နေရင်း ထူးဆန်းစွာ လမ်းလျှောက်လာသည်ကို လီရှောင်လုတွေ့လိုက်ရသည်။

ချန်းယုဖန်ရဲ့အခြေအနေကိုကြည့်ပြီး လီရှောင်လုရယ်ခြင်စိတ်ကို မနည်းထိန်းထားရသည်။ဒါကိုက်တာရဲက ဖုန်းဆက်ပြီးရိုက်ကူးမည့်အခန်းနဲ့ပက်သက်ပြီး သေချာရှင်းပြနေ၏။pyschoအမဇာတ်ကောင်က သူမကိုကယ်တင်ခဲ့တဲ့ ကောင်လေးအကြောင်း တွေူနေချိန်မှာပဲ သူ့ညီမလေူက သူ့ရည်းစားကိုအိမ်ခေါ်လာသည့် အခန်းကိုရိုက်မည်ဖြစ်သည်။

သူမနေရာကိုရောက်တော့ ဒါရိုက်တာရဲခေါ်တာကို စောင့်နေလိုက်သည်။

"အက်ရှင်!!"ဒါရိုက်တာရဲကအော်လိုက်၏။

ဇီရှင်း(စိတ်ရောဂါသည်)အဖြစ်သရုပ်ဆောင်နေသည့် လီရှောင်လုက စုံထောက်ကို "နင်သူ့အကြောင်းနဲ့ပက်သက်တဲ့ အချက်အလက်တွေရှာတွေ့ပြီလား?"

"မတွေ့သေးပါဘူးboss... "စုံထောက်အဖြစ် သရုပ်ဆောင်နေသည့် အနုပညာရှင်က နှိမ့်ချသောလေသံနဲ့ပြန်ဖြေလိုက်သည်။

"ဘာလဲ?ဘာလို့အဲ့လူအကြောင်းကို တစ်ခုမှရှာမတွေ့သေးတာလဲ?"ဇီရှင်းကစိတ်တိုကာ အော်လိုက်သည်။

"မဟုတ်ပါဘူးboss,... ဒါပေမယ့်ကျွန်တော် ကြိုးစားနေတုန်းပါပဲ..."ဟုကြောက်လန့်ကာ ပြန်ပြောလိုက်သည်။

"ကြိုးစားနေတယ်ဆိုတာ ဘာကိုပြောချင်တာလဲ?အကြောက်းပြချက်တွေကို ငါမလိုချင်ဘူး...နောက်ဆုံးရလဒ်ကိုပဲ လိုချင်တာ"ဇီဟန်ကထပ်ပြောလိုက်တယ်။
"အချိန်တစ်ရက်ကြာပြီးတာတောင် ယောင်္ကျားလေးတစ်ယောက်ကို ရှာမတွေ့ကြဘူး။ငါနင့်ကိုနောက်ထပ် အချိန်နှစ်နာရီပေးမယ်။အဲ့အတောအတွင်း သူ့ကိုတွေ့‌ေအာင်ရှာပါ...မတွေ့ခဲ့ဘူးဆိုရင်တော့ နင့်အသက်ကိုငါအာမမခံနိုင်ဘူး။"

လျှို့ဝှက်အိမ်ထောင်ရေး-ဇနီးသည်၏ခင်ပွန်းဖြစ်သူအားလုယူခြင်း (Book 1) Completed Where stories live. Discover now