story 69(ကိုယ်မင်းကိုချစ်တယ်)

1K 48 3
                                    

Unicode

လီရိုလန်သည် သူ့အစီအစဉ်ပျက်ဆီးသွားသည့်အတွက် အလွန်ဒေါသဖြစ်နေ၏။ရုတ်တရက်သူမပခုံးပေါ်သို့ လက်တစ်ဖက်ရောက်လာပြီး
"ပြဿနာရှိလို့လား?"

လှည့်ကြည့်လိုက်သောအခါ ချက်ချင်းပင်မျက်နှာအမူအယာကို ပြန်ပြင်ရင်း အပြုံးလှလှလေးပန်ဆင်ကာ
"မရှိပါဘူးအမယန်မီ၊ပြဿနာတွေရှင်းသွားလို့ ပျော်နေတာပါ။ကျွန်မအမအတွက်စိုးရိမ်နေလို့ပါ..."

ယန်မီကမျက်ခုံးတစ်ချက်ပင့်ကာ ပြုံးလိုက်ရင်း
"နင်ကလား?စက်ဆုပ်စရာကောင်းတဲ့ လူတော်တော်များများက ငါ့ရဲ့ရေဏ္ဍာင်လုကို ဒုက္ခပေးခြင်နေတာသိပါတယ်၊သူတို့ကြိုးစားလိုက်တိုင်း အမြဲကျရှုံးမှုနဲ့ကြုံတွေ့နေရမှာပဲ...ဘာလို့လဲဆိုတော့ ရှောင်လုကိုချစ်တဲ့သူတွေက သူမကိုသေချာကာကွယ်ပေးမှာမို့ပဲ"

လီရိုလန်ကခေါင်းညိတ်ကာရယ်လိုက်သည်။
"သေချာတာပေါ့မစ္စယန်မီ၊ကျွန်မကလဲ အဲ့ဒီ့လူတွေထဲက တစ်ယောက်ပဲလေ။ကျွန်မအမကိုချစ်လည်းချစ်တယ် ပြီးတော့ ကျွန်မကိုယ်တိုင်ကာကွယ်ပေးဦးမှာ..."

"သွားရအောင်ယွီ..."လီရိုလန်ကသူမရဲ့မန်နေဂျာကိုပြောကာ ထွက်သွား၏။

လီရိုလန်နဲ့ယိင်းယွီတို့ထွက်သွားတာကိုကြည့်ရင်း ယန်မီတစ်ယောက်ရယ်မောလိုက်တယ်။နင်ပြောတာမှန်တယ်လီရိုလန်၊နင်ကအဲ့လူတွေထဲက တစ်ယောက်ပဲ ဒါပေမယ့် စက်ဆုပ်ရွံရှာစရာကောင်တဲ့လူလေ!

လီရှောင်လုအကြောင်းတွေးရင်း ယန်မီစိတ်သက်သာရာရသွား၏။ပြီးတော့CEOကျန်းက သူမအတွက် ဒီမှာရှိနေတဲ့အတွက် ဘုရားသခင်ကိုကျေးဇူးတင်ပါတယ်။ဒါပေမဲ့CEOကျန်းကဒီမှာ ဘာလုပ်နေတာလဲ?ဒါကတိုက်ဆိုင်မှုတစ်ခုပဲလား?

ယန်မီကဒီကိစ္စကိုသိပ်မတွေးမိခဲ့ဘး။သူမအတွက်အရေးကြီးတာက လီရှောင်လုက အဆင်ပြေနေပြီး CEOကျန်းနဲ့အတူရှိနေတာဖြစ်၏။ယန်မီလည်းပျော်ရွှင်စွာနဲ့ အိမ်ပြန်လာခဲ့သည်။

ရေချိုးခန်းထဲတွင်...ရှောင်လုသည် ဒီဟာကလည်း ဘယမှအလုပ်မဖြစ်တော့သည်ကို သူမသဘောပေါက်သွားပြီး ဒါကိုလုပ်ရပေမည်။သူမရဲ့စိတ်သည်အခုချိန်တွင် တွေးခေါ်နိုင်စွမ်းလျှော့နည်းနေပြီး သူ့ခန္ဓာကိုယ်ဟာလည်းသူ့ထိန်းချုပ်နိုင်စွမ်း မရှိသလောက်ဖြစ်လာ၏။

လျှို့ဝှက်အိမ်ထောင်ရေး-ဇနီးသည်၏ခင်ပွန်းဖြစ်သူအားလုယူခြင်း (Book 1) Completed Where stories live. Discover now