story 48(သူမကတကယ်ပဲလူသစ်တစ်ယောက်လား?)

1K 57 0
                                    

Unicode

အစကနေအဆုံးအထိ လူတိုင်းကဗီဒီယိုကိုအာရုံစူးစိုက်မှုအပြည့်နဲ့ကြည့်နေကြတယ်။နေရာတစ်ခုလုံးတိတ်ဆိတ်ငြိမ်သက်နေခဲ့သည်။အသက်ရှူသံတစ်ချက်တောင် မကြားရဘူး။ဗီဒီယိုပြီးဆုံးသည်နှင့် တပြိုင်နက် မျက်နှာပြင်သည်ကွက်လပ်ဖြစ်သွားသည်။

ဒါရိုက်တာရီနဲ့ယန်မီကအရာအားလုံးကိုမြင်ပြီးပြီဖြစ်ပေမယ့် စိတ်မချနိုင်သေးပေ။လူတိုင်းသည်သူတို့ရဲ့တစ်ကိုယ်လုံးအား ထိုဗီဒီယိုကြည့်ပြီးသည်နှင့်တုန်လှုပ်ခြောက်ခြားစေသည်။ဒါဟာတကယ်ကိုအရမ်းကောင်းတဲ့သရုပ်ဆောင်ချက်တွေပါ....

ဟေ့၊မင်းတို့ဘာလို့ဆက်မပြတော့တာလဲ?လူတိုင်းရဲ့စိတ်ထဲမှာညည်းတွားနေကြတယ်။မရပ်လိုက်ပါနဲ့၊ငါတို့ဒီထက်ပိုကြည့်ခြင်တယ်!!

မိုက်ကိုယူရင်းယန်မီက"အခုလီရှောင်လုကအဲ့ဒီ့ဇာတ်ရုပ်ကသရုပ်ဆောင်ဖြစ်နေလို့ မင်းတို့မှာပြဿနာရှိလား?"

"ပြဿနာလား?ဘယ်ကပြဿနာကိုခံစားရမှာလဲ?လီရှောင်လုကိုကြည့်ရင်းသူတို့မေးလိုက်ခြင်၏။သူမကတကယ်လဲလူသစ်တစ်ယောက်လား??

အရင်ကဇာတ်ကားမရိုက်ဖူးတာသေချာရဲ့လား?သူမဟာအရမ်းထူးချွန်ပြီး သူမရဲ့သရုပ်ဆောင်ချက်တွေကလည်းအလွန်အံ့မခန်းပါပဲ။သူမဟာအတွေ့အကြုံရှိတဲ့မင်းသမီးတစ်ယောက်လိုပင်သရုပ်ဆောင်နိုင်တာ ဘယ်လိုတောင်ဖြစ်နိုင်မလဲ။

လူတိုင်း၏အံ့ဩနေကာ စကားမပြောနိုင်သောပုံစံကိုမြင်ပြီးယန်မီပြုံးလိုက်သည်။ဘော့စ်ဟုကိုပြဖို့အတွက်audition video ကိုသူမယူထားပြီးသားပင်ဖြစ်သည်။နောက်ပိုင်းမှာအသုံး၀င်လာမယ်လို့ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပေ။

ယန်မီ၏အမေးကိုကြားလိုက်ရာ လူတိုင်း ရင်တွင်းမှကြေကွဲသွားသည်။ပရိသတ်များ၊သတင်းထောက်များရဲ့လက်ခုပ်တီးသံများနှင့်အတူ နေရာအနှံ့လက်ခုပ်သံများကျယ်လောင်စွာကြားနေရသည်။

လီရှောင်လုနှင့်ယန်မီသည် သူတို့၏နေရာ၌အံ့အားသင့်သွားခဲ့သည်။လူသစ်တစ်ယောက်ဖြစ်တဲ့ မင်းသမီးတစ်ယောက်ရဲ့ audition video ကိုကြည့်ရုံနဲ့ လူတိုင်းလက်ခုပ်တီးတာ ဒါဟာပထမဆုံးအကြိမ်ဖြစ်နိုင်ပါတယ်။အခုလိုမျိုး သရုပ်ဆောင်ရတာဂုဏ်ယူစရာပါ။လီရှောင်လုဝမ်းသာလွန်းလို့ ဝမ်းသာအားရ မျက်ရည်တွေ သူ့မျက်လုံးထဲကစီးကျလာတယ်။

လျှို့ဝှက်အိမ်ထောင်ရေး-ဇနီးသည်၏ခင်ပွန်းဖြစ်သူအားလုယူခြင်း (Book 1) Completed Where stories live. Discover now