Unicode
အတွေးထဲ၌အလုပ်ရှုပ်နေသောဇီဟန်သည် ရှောင်လုကြောင့်ရုတ်တရက်တုန်လှုပ်သွားသည်။တုန်တုန်ယင်ယင်ဖြစ်နေသောသူမရဲ့ပုံစံကိုကြည့်ပြီး မျက်မှောင်ကြုတ်လိုက်သည်။သူမလေးရဲ့အော်သံကိုလည်းကြားလိုက်ရ၏။
သူနည်းနည်းလေးငုံ့ပြီးပါးစပ်နားကိုကပ်လိုက်ပြီး "ကျေးဇူးပြုပြီး ငါ့ကို ထားမသွားပါနဲ့.... ကယ်ပါ... ကူညီပါ....''
သူမအိပ်မက်ဆိုးမက်နေတာလား??
သူမဘေးမှာ လှဲလိုက်ရင်းခေါင်းကိုဖက်ထားလိုက်တယ်။ နဖူးကိုနမ်းလိုက်ပြီး "အားလုံးအဆင်ပြေသွားမှာပါ... မင်းမှာ ကိုယ်ရှိတယ်.... ကိုယ်မင်းကို ဘယ်တော့မှ ထားခဲ့မှာ မဟုတ်ဘူး..."
သူ့စကားများကို နားလည်နိုင်သော်လည်းလီရှောင်လုအနည်းငယ် စိတ်အေးသွားသလိုခံစားလိုက်ရသည်။ သူ့ကိုဖက်ထားရင်းငြိမ်သက်သွားကာ နှုတ်ခမ်းပေါ် အပြုံးတစ်ခုပေါ်လာသည်။
နောက်ဆုံးတွင် သူမသည်ငြိမ်းချမ်းစွာ အိပ်ပျော်နေပြီး အိပ်မက်ဆိုးများကသူမကိုဒုက္ခမပေးသည်ကိုမြင်လိုက်ရသဖြင့် နှုတ်ခမ်းကိုနမ်းလိုက်ပြီး မျက်လုံးများကို မှိတ်လိုက်သည်။
*********
နောက်တစ်နေ့တွင်လီရှောင်လုသည် လက်ကိုဆန့်လိုက်ပြီး သူမမျက်နှာတွင်အပြုံးတစ်ခုဖြင့်နိုးလာသည်။ဒါကသူမပြန်လည်ရှင်သန်လာပြီးထဲက ပထမဆုံးကောင်းကောင်းအိပ်နိုင်ခြင်းဖြစ်သည်။
သူမပြန်ရှင်လာပြီးကတည်းက မီးထဲမှာ အရှင်လတ်လတ်တောက်လောင်သည့် တူညီတဲ့အိပ်မက်ဆိုးတွေကိုသာဆက်တိုက်မက်နေခဲ့ပြီး မနေ့ကတော့မတူညီခဲ့ပေ။အိမ်မက်ထဲမှာတော့ သူမမီးထဲရောက်နေတဲ့အချိန်မှာ လူတယောက်ပေါ်လာပြီး သူ့လက်ကိုဆန့်တန်းလိုက်တယ်။သူ့လက်ကိုဆွဲကာမီးဘေးသို့ထွက်လာခဲ့သည်။သူ့ရဲ့နဖူးကိုနမ်းပြီး ဘယ်လိုအန္တရာယ်၊ဒုက္ခတွေရှိရှိ အမြဲကယ်တင်မယ်လို့ထိုသူကကတိပေးတယ်။ သူမသည်ကယ်တင်ရှင်၏မျက်နှာကိုတစ်ခါမျှမမြင်ရသော်လည်းကတိပေးပြီးနောက်တွင် ထိုသူ၏နွေးထွေးမှုကိုသာချန်ထားခဲ့ကာပျောက်ကွယ်သွားခဲ့သည်။လီရှောင်လုကပြုံးပြသော်လည်း ပတ်ပတ်လည်ကိုကြည့်ရင်းခေါင်းကုတ်လိုက်သည်။ သူမဟာ သူ့အိပ်ရာထဲမှာ သူ့အခန်းနဲ့သူမနေ့ကဝတ်ထားတဲ့တူညီတဲ့အဝတ်အစားနဲ့ရှိနေတယ်။ဒါပေမယ့် သူမ ပါတီမှာမနေခဲ့ဘူး ဒါဆိုရင်သူဘယ်လိုလုပ်ဒီကိုရောက်လာတာလဲ??
YOU ARE READING
လျှို့ဝှက်အိမ်ထောင်ရေး-ဇနီးသည်၏ခင်ပွန်းဖြစ်သူအားလုယူခြင်း (Book 1) Completed
Romanceဇီဟန်-မင်းကငါနဲ့အတူအိပ်ပြီးတော့မှထွက်ပြေးဖို့လုပ်နေတာလား? ရှောင်လု-ရှင်ဒီကိစ္စကို One Night Stand အဖြစ်သဘောထားလိုက်လို့မရဘူးလား? ဇီဟန်-မင်းကိုယ့်ကိုတာ၀န်ယူရမယ် ရှောင်လု-ဘာကိုယူရမယ်? ဇီဟန်-ကိုယ့်ကိုလက်ထပ်ပါ... 📰 Secret marriage:Wife Spoiling husban...