story 68(ဘယ်လိုလုပ်သူမဖြစ်နိုင်မှာလဲ?)

860 40 0
                                    

Unicode

အခန်းအပြင်ဘက်တွင် သတင်းထောက်များရောက်နေပြီး တံခါးကိုအတင်းထုကာဖွင့်နေကြသည်။သူတို့ကထိန်းမနိုင်သိမ်းမရဖြစ်ကာ ရုန်းရင်းဆန်ခတ်ဖြစ်မှုကြောင့် လူများစွာ စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရသည်။

၀န်းထမ်းများကလည်း ထိုအခြေအနေအား ထိန်းဖို့ကြိုးစားသော်လည်း မအောင်မြင်ပေ။ဒါရိုက်တာရဲနဲ့အခြားသူတွေ ရောက်လာတော့ ထိုအခြေအနေကိုမြင်လိုက်ရသဖြင့် စိတ်မကောင်းဖြစ်သွားကြတယ်။

"ဒီလိုမဟုတ်မမှန်တဲ့ကောလဟာလတွေကိုဘယ်သူကမင်းတို့ကိုပြောတာလဲ?ဟမ်!!!"ဒါရိုက်တာရဲက ဒေါသနဲ့အော်လိုက်တယ်။

"မစ္စတာရဲ့မင်းသမီးတစ်ယောက်ဟာ စပွန်ဆာတစ်ယောက်နဲ့ပက်သက်ပြီး လောလောဆယ်ဒီအခန်းထဲမှာ ရှိနေတယ်လို့ကျွန်တော်တို့ သတင်းရထားလို့ပါ။ဒီကိစ္စနဲ့ပက်သက်ပြီး ဒါရိုက်တာရဲကော ဘယ်လိုများထင်မိလဲ?"လို့ သတင်းထောက်တစ်ယောက်က ရဲရဲဝံ့ဝံ့မေးချလိုက်သည်။

ဒါရိုက်တာရဲလည်း ထိုမေးခွန်းမေးသူအား သေချာစိုက်ကြည့်လိုက်ပြီး"မင်းကတော့ ကိုယ့်အလုပ်ကိုယ် ကောင်းကောင်းမလုပ်တတ်ဘူးထင်တယ်။မနက်ဖြန်မင်းကုမ္ပဏ္ကနေ အလုပ်ထုတ်ခံရတော့မယ်လို့၊အဲ့လိုဆိုမင်းဘယ်လိုထင်လဲ?"

ထိုအခါသတင်းထောက်ကရယ်ပြီး
"ဒါရိုက်တာရဲ၊သေချာကြည့်ပါဦး?ဒီလောက်လူတွေများတာကို သတင်းထောက်ဘယ်နှစ်ယောက်ကို အလုပ်ထုတ်နိုင်မှာလဲ?"

"မင်းတို့လိုလူတွေက ဒီအလုပ်ကိုအကြောင်းပြပြီး လုပ်ပိုင်ခွင့်ကို အလွဲသုံးစားလုပ်နေကြတာ...မင်းတို့သတင်းmediaတွေ ဘယ်လိုအလုပ်လုပ်ကြတာလဲ?"ဒါရိုက်တာရဲကမေးလိုက်၏။

"ဒါရိုက်တာရဲ၊မစ္စတာကဘာကိုစိတ်ပူနေတာလဲ?သတင်းကအမှားသာဆိုရင် ကျွန်တော်တို့အားလုံး တောင်းပန်ပြီးမှ ထွက်သွားမှာပါ။ဒါပေမယ့် ဒီသတင်းသာအမှန်ဆိုရင် ဘယ်လိုလုပ်မှာလဲ?"

"ဒါရိုက်တာရဲ၊ငါတို့အလုပ်ကို လုပ်ခွင့်ပေးသင့်တယ်။အနုပညာနယ်ပယ်ရဲ့ လျှို့ဝှက်ချက်တွေကို လူတိုင်းသိပြီး ပြည်သူတွေကို အမှန်တရားသိအောင် ချပြသင့်တာပဲ"

လျှို့ဝှက်အိမ်ထောင်ရေး-ဇနီးသည်၏ခင်ပွန်းဖြစ်သူအားလုယူခြင်း (Book 1) Completed Where stories live. Discover now