story 72+73(စိတ်ရှည်ရှည်ဖြင့် စောင့်ချင်သည့်စိတ်)

1K 49 1
                                    

Unicode

သူတို့ရဲ့ မင်္ဂလာဆောင်ဦးညတွင် လီရှောင်လုသည် ‌တွေးနေရင်း မျက်တောင်မခတ်နိုင်ဖြစ်နေ၏။
လီရှောင်လုလည်း အိပ်ယာပေါ်တွင်ထိုင်ရင်း ဇီဟန်ရေချိုးပြီးတဲ့အထိ စောင့်နေလိုက်သည်။

သူမပြောသလိုပဲ၊သူမက ဇီဟန်အတွက် ဇနီးကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားပြီးနေမှာမလို့ သူမရဲ့စိတ်အာရုံတွေကို တည်ငြိမ်အောင် အတတ်နိုင်ဆုံး ကြိုးစားခဲ့တယ်။ရေချိုးခနိးထဲက ထွက်လာတော့ ဇီဟန်သည် လီရှောင်လုရဲ့မျက်နှာကိုကြည့်ပြီး တခစ်ခစ်ရယ်ကာ သူမဆီသို့လျှောက်သွားလိုက်သည်။

အခုချိန်တွင် သူမလေးသည် သခင်ကိုမျှော်နေသည့်ကြောင်လေးတစ်ကောင်နှင့် တူနေ၏၊ဒါပေမဲ့ တစ်ချိန်တည်းမှာပင် စိတ်လှုပ်ရှားနေတဲ့ပုံလေးက ချစ်စရာကောင်းလှသည်။ဇီဟန်ရဲ့ခြေလှမ်းများဟာ သူမအနားသို့ တစ်လှမ်းပြီးတစ်လှမ်း နီးကပ်လာသည်ကိုမြင်ရတော့ ရင်ဘတ်ထဲတွင် နှလုံးခုန်သံများဟာလည်း ကျယ်လောင်လာတော့သည်။

သူမလေးဘေးမှာ၀င်ထိုင်လိုက်ရင်း ဇီဟန်က သူ့မျက်နှာကိုအရှေ့သို့ အနည်းငယ်တိုးလိုက်ကာ သူ့လည်ပင်းကိုငုံ့လိုက်ပြီး သူမရဲ့လည်ပင်းကို နမ်းလိုက်ကာ
"ဒီနေ့ကိုယ်တို့ရဲ့ မဂ်လာဦးညပဲ..."

လီရှောင်လုသည် သူမ၏အသားပေါ်ရှိ နှုတ်ခမ်းရဲ့ထိတွေ့မှုကြောင့် တုန်လှုပ်သွားပြီး ခေါင်းညိတ်လိုက်ရင်းပြန်ပြောလိုက်၏။
"ကျွန်မသိပါတယ်..."

ဇီဟန်ကသူမကို ကုတင်ပေါ် ညင်ညင်သာသာ တင်လိုက်ပြီး အပေါ်ကို မတက်ခင် သူမရဲ့တုံ့ပြန်မှုကိုမြင်တော့ ပြုံးလိုက်တယ်။မျက်လုံးများကို မှိတ်ထားလိုက်ရုံဖြင့် သူမ၏ညှပ်ရိုးနားတွင် လည်ပင်းကိုနမ်းရင်း  နီရဲသောမျက်နှာဖြစ်လာသည်။

သူမလည်ပင်းကိုကိုက်လိုက်၊စုပ်လိုက်လုပ်နေသောအခါ သူမရင်မောသွားသည်။သူမလည်ပင်းထက်၌ marking ရာများလုပ်ပြီးသွားတော့ ခေါင်းကိုမော့လိုက်ပြီး သူမလေးရဲ့နှုတ်ခမ်းကို စွဲမက်စွာနမ်းလိုက်၏။

လီရှောင်လုသည် သူကိုယ်တိုင်ပင် သတိမထားမိပဲ ဇီဟန်ရဲ့လည်ပင်းထင်တွင် သူ့ရဲ့လက်နှစ်ဖက်က ဖက်တွယ်ထားလိုက်မိသည်။ရှောင်လုသည် ဇီဟန်ရဲ့ကျွမ်းကျင်သော အနမ်းများကြောင့် သူမကိုယ်တိုင်ပင်ပြန်လည်နမ်းရှိုက်နေမိသည်။နမ်းနေချိန်၌ ဇီဟန်သည်အားမရသဖြင့် ရှောင်လုရဲ့နှုတ်ခမ်းလေးကို ခပ်ွဖွကိုက်ရင်း သူ့ရဲ့လျှာကို သူမလေးရဲ့ခံတွင်းထဲသို့ အမြန်ဦးတည်လိုက်ပြီး လီရှောင်လု၏ခံတွင်းထဲ၌ သူ့စိတ်ကြိုက်ခြယ်လှယ်နေတော့တယ်။

လျှို့ဝှက်အိမ်ထောင်ရေး-ဇနီးသည်၏ခင်ပွန်းဖြစ်သူအားလုယူခြင်း (Book 1) Completed Where stories live. Discover now