Story 15(ဇာတ်ရုပ်အားရလိုက်ခြင်း)

1.4K 93 0
                                    

Unicode

လီရှောင်လုသည် သူ(မ)အားမှင်သက်စွာကြည့်နေသော ဒိုင်အဖွဲ့ကိုထိတ်လန့်စွာကြည့်နေသည်။လီရှောင်လုသည် သူ(မ)၏အတိတ်ဘ၀မှအတွေ့အကြုံများကြောင့် ယခုသရုပ်ဆောင်ရာတွင် သူ(မ)တွင်သရုပ်ဆောင်စွမ်းရည်အား ယုံကြည်၏။

ဒါကြောင့် ဒီလူတွေကို စကားတစ်ခွန်းတောင် မပြောဘဲ ငါ့ရဲ့ လုပ်ရပ်က ဆိုးလိုက်တာ။ စိတ်ပျက်လက်ပျက်ဖြင့် လီရှောင်လုသည်ခေါင်းငုံကာ သူ(မ)၏ ခြေထောက်များကို ကြည့်လိုက်သည်။

ဘယ်သူကစပြီး လက်ခုပ်တီးတယ်ဆိုတာ မသိရပေမယ့် မကြာခင်မှာပဲ အားလုံးက လက်ခုပ်တီးနေကြတော့တယ်။ လီရှောင်လုသည် ဝမ်းသာအားရ မျက်ရည်များ မျက်ဝန်းမှစီးကျလာရင်း ခေါင်းကို မော့လိုက်သည်။

"မင်းကိုရွေးလိုက်တာလေ...." ဒါရိုက်တာယဲ့ရယ်ရင်းဖြေလိုက်သည်။

"မင်းနာမည်ကဘယ်သူလို့ပြောလိုက်တာလဲ?"ဒိုင်လူကြီး၁ကမေးလိုက်တယ်။

"လီရှောင်လု..."

"မစ္စလီ မင်းရဲ့သရုပ်ဆောင်စွမ်းရည်ကတော်တော်ထူးခြားတယ်၊အရမ်းကောင်းတယ်၊ဒီဇာတ်ရုပ်ကမင်းသရုပ်ဆောင်ရင် ပြီးပြည့်စုံသွားမှာ"

"ဟုတ်.... ဟုတ်တယ်.... ငါ့တစ်ကိုယ်လုံးမှာ ရင်တွေတထိတ်ထိတ်နဲ့ ခံစားနေရတုန်းပဲ..."

"ဟုတ်...ဟုတ်ပါ့...မစ္စလီ မင်းရဲ့သရုပ်ဆောင်ချက်က အရမ်းမှန်တာပဲ... မင်းကငါ့ရဲ့ဇာတ်ကောင်ကို အသက်ဝင်စေခဲ့တယ်....." စာရေးဆရာက ချီးကျူးခဲ့သည်။

လီရှောင်လုက ခါးကိုင်းကာပြုံးလိုက်ပြီး
"အားလုံးကိုကျေးဇူးတင်ပါတယ်"

လူအားလုံးငြိမ်သက်သွားတော့မှ ဒါရိုက်တာကလီရှောင်လုအားကြည့်လိုက်သည်။
"မစ္စလီ၊မင်းစိတ်မရှိဘူးဆိုရင် မေးခွန်းအချို့မေးပါရစေ?"

"ဟုတ်ကဲ့ ကျေးဇူးပြုပြီး...." လီရှောင်လုက ခေါင်းညိတ်လိုက်သည်။

"မင်းဘယ်ဇာတ်ကားမှာသရုပ်ဆောင်ဘူးလဲ?"ဒါရိုက်တာယဲ့ကမေးလိုက်၏။

လီရှောင်လုကခေါင်းခါလိုက်ပြီး
"သရုပ်မဆောင်ဘူးပါဘူး"

"ဒါဆို သရုပ်ဆောင်သင်တန်း‌ေရာတက်ဖူးလား?"

လျှို့ဝှက်အိမ်ထောင်ရေး-ဇနီးသည်၏ခင်ပွန်းဖြစ်သူအားလုယူခြင်း (Book 1) Completed Where stories live. Discover now