ယန်မီသည်မယုံနိုင်လောက်အောင် သူ(မ)၏မျက်လုံးများ ပြူးကျယ်သွားသည်။ ဘာလဲဟ? ဒီမိန်းမကလေး ဘာပြောနေတာလဲ?? လီရိုလန်ရဲ့အစ်မ...?
လီရှောင်လုသည် ယန်မီ၏မျက်နှာပေါ်၌ မယုံကြည်နိုင်သောအမူအယာအားမြင်လိုက်ရသည်။ဒါပေမဲ့သူ(မ)အားချိုသာစွာပြုံးပြရင်းစကားပြောလိုက်တယ်။
"မစ်ယန်မီ၊ကျွန်မလိမ်နေတာလို့ရှင်တွေးနေမှန်း ကျွန်မသိပါတယ်။ဒါပေမဲ့ကျွန်မပြောမယ့်အကြောင်းအရာကိုအရင်နားထောင်းပေးမယ်လို့ ကျွန်မမျှော်လင့်မိပါတယ်"
ယန်မီသည်လည်း ဘာပြန်ပြောလို့ပြောရမှန်းမသိဖြစ်နေသည့်အတွက် သူ(မ)ပြောသောစကားအားအရင်နားထောင်ရန် ကြက်ကလေးတစ်ကောင်လိုခေါင်းညိတ်ပြလိုက်၏။
"ကျွန်မက လီမိသားစုရဲ့သမီးအကြးပါ၊အဲ့ဇာတ်ကားမှာလည်း လီရိုလန်နေရာမှာကျွန်မကအစားထိုးသရုပ်ဆောင်ခဲ့တာပါ။ဒါတွေကအကုန်အမှန်တရားတွေပါ။"
လီရှောင်လုဘယ်လောက်တောင် ယုံကြည်မှုရှိရှိပြောလဲဆိုတာ ယန်မီတစ်ယောက်သူ(မ)ကိုယ်သူ(မ) သတင်းထောက်တစ်ယောက်လိုတောင်ခံစားလိုက်ရသည်။ယန်မီသည်လည်း သကြားလုံးတွေ့လိုက်သည့်ကလေးတစ်ယောက်လို စိတ်လှုပ်ရှားစွ ဖြင့်မေးလိုက်သည်။
"ရှင်ကလီရိုလန်ရဲ့အစ်မလို့ပြောတယ်နော်၊ဒါပေမဲ့ သတင်းတွေထဲမှာရှင့်အကြောင်းဘာလို့မတွေ့ရတာလဲ?""အင်း...ရှင်းရှင်းပြောရမယ်ဆိုရင် ကျွန်မရဲ့တည်ရှိမှုကိုဖုံးကွယ်ထားတာပါ... "
"အိုး... " ယန်မီကထောက်ခံလိုက်သည်။ ဒါဟာ အဓိပ္ပာယ်တစ်ခုအနေနဲ့ သက်ရောက်သလိုပဲ.... ဒါပေမယ့် ဒါတွေအားလုံးက ပုံပြင်တစ်ပုဒ်သာဆိုရင် ဘာဖြစ်မလဲမသိဘူး။
"ဒါဆိုရင်ဘာလို့အခုလိုထုတ်ပြောရတာလဲ?ရှင့်ညီမအလုပ်လုပ်တဲ့ ကုမ္ပဏီမှာဘာလို့အတူတူအလုပ်မလုပ်တာလဲ? Marvellous Universe ကိုဘာလို့၀င်ခြင်တာလဲ?"ယန်မီကမစဉ်းစားနိုင်ပဲမေးလိုက်တယ်။
လီရှောင်လုကသက်ပြင်းချလိုက်ကာသူ(မ)အားပြန်ပြော၏။
"ဒါကနည်းနည်းတော့ ရှုပ်ထွေးတယ်..."ယန်မီကပြုံးလိုက်ကာ
"ရှင်သာ ကျွန်မတို့နဲ့လက်မှတ်ထိုးလိုက်ရင် ရှင့်ရဲ့ညီမကိုဆန့်ကျင်ရမယ်ဆိုတာသိတယ်မလာူ?"
YOU ARE READING
လျှို့ဝှက်အိမ်ထောင်ရေး-ဇနီးသည်၏ခင်ပွန်းဖြစ်သူအားလုယူခြင်း (Book 1) Completed
Romanceဇီဟန်-မင်းကငါနဲ့အတူအိပ်ပြီးတော့မှထွက်ပြေးဖို့လုပ်နေတာလား? ရှောင်လု-ရှင်ဒီကိစ္စကို One Night Stand အဖြစ်သဘောထားလိုက်လို့မရဘူးလား? ဇီဟန်-မင်းကိုယ့်ကိုတာ၀န်ယူရမယ် ရှောင်လု-ဘာကိုယူရမယ်? ဇီဟန်-ကိုယ့်ကိုလက်ထပ်ပါ... 📰 Secret marriage:Wife Spoiling husban...