story 92+93(သဘောတူညီချက်)

1.2K 45 1
                                    

Unicode

အကုန်လုံးကို သေချာတွေးကြည့်လိုက်တော့ သူ(လီရိဖန်)ပြောနေတာ အမှန်တွေမှန်း သူမနားလည်လိုက်သည်။သူမသည် လီရိဖန်ထက် ၂နှစ်ပိုကြီးသောကြောင့် ထိုအချိန်က ထိုအချိန်က သူမရဲ့ငယ်ဘ၀အမှတ်တရကိစ္စများစုကို မေ့သွားခဲ့သည်။

အမှန်တရားက ဒီလိုမျိုးဖြစ်လိမ့်မယ်လို့ လီရှောင်လု ဘယ်တုန်းကမှ မတွေးခဲ့မိဘူး။လီယူဘင်သည် ရိဖန်ကိုအလွန်ကောင်းမွန်စွာဆက်ဆံသောကြောင့် လီရိဖန်ကို သူမလိုအသုံးချခံရတဲ့ လူတစ်ယောက်ဟု ဘယ်တော့မှ မတွေးခဲ့မိခြင်းဖြစ်၏။

လီရှောင်လုသည် လီယူဘင်မှာညီမ‌လေးတစ်ယောက်ရှိတယ်ဆိုတာ မသိခဲ့။နောက်ပြီးဒီကုမ္ပဏီကလဲ သူတည်ထောင်ထားတာ မဟုတ်ဘူးတဲ့လေ...လီယူဘင်သည် လီရိုလန်အား shareအများစုကို ပေးခဲ့ကြောင်း သူမ၏အတိတ်ဘ၀တွင် လီရှောင်လုမြင်ခဲ့ရသည်။

သူတို့နှစ်ယောက်ထဲမှာ။ လီရိုလန်ကအကြင်နာဆုံးပါ။လီယူဘင်က အတိတ်ဘ၀တုန်းက သူမရဲ့အင်တာဗျူးမှာ ကုမ္ပဏီရဲ့အောင်မြင်မှုနဲ့ တိုးတက်မှုအတွက် ချီးကျူးဂုဏ်ပြုခြင်းတွေနှင့် ကြိုးစားအားထုတ်မှုများဟာ လီရိုလန်ကြောင့်ဖြစ်တာဟု လီယူဘင်ကဖုတ်ဖော်ပြောခဲ့တာကို ရှောင်လုမှတ်မိခဲ့တယ်။သူကတစ်ကြိမ်ကလေးတောင် လီရိဖန်ကို ဂုဏ်မပြုပေးခဲ့ဘူး။

အဲ့အချိန်တွင် လီယူဘင်သည် ထိုအရာအားလုံးကို သူမကြောင့်ဟု ပြောလိုက်ခြင်းဖြစ်သည်ဟု ရှောင်လုထင်ခဲ့သော်လည်း အခုတော့ သူမကလည်းသူ့သွေးသားမဟုတ်သလို၊လီရိဖန်ကလည်း သူ့သားအရင်းမဟုတ်သောကြောင့် လီရိုလန်အား အရာအားလုံးပေးခဲ့ကြောင်း သူမနားလည်သွားသည်။

အဲ့စက်ဆုပ်ရွံ့စရာကောင်းတဲ့ လီမိသားစုရဲ့အကြောင်းကို ပြောချိန်၌ လီရိဖန်၏မျက်လုံးများတွင် အမုန်းတရားများ ပြည့်နှက်နေကြောင်း လီရှောင်လုရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။သူမတို့နှစ်ယောက်စလုံးတွင်   ထိုမိသားစုအား အမုန်းတရားများ အလွန်ရှိနေခဲ့တယ်။

"ဒါက ဇာတ်လမ်းတစ်ခုလုံးမဟုတ်ဘူး၊ တခြားအရာတစ်ခုလည်း ရှိသေးတယ်လေ။ မင်းလက်စားချေရတဲ့ ရည်ရွယ်ချက်က ကုမ္ပဏီအတွက်တင် မဟုတ်ဘူး၊ဒါဆို တခြားဘာလုပ်မလဲ။" သူမမေးတယ်။

လျှို့ဝှက်အိမ်ထောင်ရေး-ဇနီးသည်၏ခင်ပွန်းဖြစ်သူအားလုယူခြင်း (Book 1) Completed Where stories live. Discover now